စကားခါးခါး
ပြောတက်တဲ့ချစ်သူကို....
အကြင်နာတရားမဟောချင်ပေမဲ့
ရင်နာသလားလို့မမေးပါနဲ့....
စာနာသနားသောအားဖြင့်
နှလုံးသားတံခါးဖွင့်ထားတယ်။
မခါးစေလိုစကားချိုဖြင့်
အကြင်နာအပိုမပါရင်တောင်
အရင်လိုမတူအောင်ပိုတောင်ချစ်ပြနိုင်တယ်။
ထာဝရ “ကိုကို” ဖြစ်ရစေမယ်။
ယုံကြည်ပါကွယ် တန်ဖိုးထားတယ်။
ရင်ခွင်ကျယ်မှာ
“ ကိုကို” ရုပ်သွင်အရိပ်ထင်တယ်။
အသည်းကျွမ်းအောင်ချစ်ခဲ့ရသူ
ဒဏ်ရာစွဲကျန်မဲ့ဖြစ်အင်ကို
မနွှဲချင်သူမို့ မခွဲစတမ်းပဲ နေချင်တယ်။
မလွမ်းရဲသေးဘူး “ကိုကို” ရယ်....!!!
ခေတ်သစ်စာဆိုဝါသနာရှင်
ငယ်လေး
Mt2a
.
Saturday, January 30, 2010
Thursday, January 21, 2010
Wednesday, January 13, 2010
အမေ............
အမေ...........
အမေ မေ့မရပေမဲ့
မေ့ထားခဲ့ပါတယ် ဘ၀ခြင်းခြားလို့
အဝေးရောက် အမေကို
သမီးအတွက် ပူပန်စိုးရောက်မူကြောင့်
အမေ့ ခရီး အမေ့ဘဝ
ဖြောင့်ဖြူးမသာယာမှာ သမီးကြောက်လို့ပါ အမေ.............
ဒါပေမဲ့...
အပူကြီးလို့် ဖျားနေတဲ့ သမီးငယ်ကိုကပ်ကာ
ချော့မြူ ကျီစယ်သမူ ပြုကာနေတဲ့
သူငယ်ချင်း အမေကို မြင်မိတော့
ရင်မှာ ထိခိုက်နာကျင်မိတယ်
နာကျင် အားငယ်မိတိုင်း
မျက်ရည်ဝဲ မိတယ် အမေရယ်......
သမီးရဲ့ တိုင်တည်ဆုတောင်းတွေကို
အမေ ကြားသိပါစေ.....
ခေတ်သစ်စာဆို ယံကလေး
အမေ မေ့မရပေမဲ့
မေ့ထားခဲ့ပါတယ် ဘ၀ခြင်းခြားလို့
အဝေးရောက် အမေကို
သမီးအတွက် ပူပန်စိုးရောက်မူကြောင့်
အမေ့ ခရီး အမေ့ဘဝ
ဖြောင့်ဖြူးမသာယာမှာ သမီးကြောက်လို့ပါ အမေ.............
ဒါပေမဲ့...
အပူကြီးလို့် ဖျားနေတဲ့ သမီးငယ်ကိုကပ်ကာ
ချော့မြူ ကျီစယ်သမူ ပြုကာနေတဲ့
သူငယ်ချင်း အမေကို မြင်မိတော့
ရင်မှာ ထိခိုက်နာကျင်မိတယ်
နာကျင် အားငယ်မိတိုင်း
မျက်ရည်ဝဲ မိတယ် အမေရယ်......
သမီးရဲ့ တိုင်တည်ဆုတောင်းတွေကို
အမေ ကြားသိပါစေ.....
ခေတ်သစ်စာဆို ယံကလေး
Subscribe to:
Posts (Atom)