Friday, July 23, 2010

Using Zawgyi pdf


ဒီနေ့ဗျာ ၀ါဆိုလဆိုတော့ ထိုင်းမှာကလဲ ထိုင်းကျောင်းသူလေးတွေ ၀ါဆိုသင်္ကန်းဆက်ကပ်တဲ့ရက်ဆိုတော့ လမ်းတစ်လျှောက်ဘယ်ငေးငေး ကျောင်းသူချောချောလေးတွေပဲ မြင်တွေ့ နေရတယ် စိတ်ကလေးလဲ အရမ်းလန်းနေတယ်ပေါ့လေ.. မြို့ ထဲက ကို အိမ်ပြန်မရောက်ချင်ဘူး ဘာလို့လဲဆိုတော့ သူ့ တို့ အလှလေးတွေနဲ့ ဝေးသွားမှာစိုးလို့ လေ..ဟီး.. ကြည့်ရတာ မ၀နိုင်ဘူးလေ...အဟဲ..ပြောချင်တာက အဲဒါမဟုတ်ပါ.. လိုရင်းကိုမရောက်ဘူးဖြစ်နေတယ်.. ဒီလိုနဲ့ဘဲ အိမ်ပြန်ရောက်ခဲ့တယ်ပေါ့လေ... အိမ်ပြန်ရောက် ခဏနားပြီး အွန်လိုင်းတတ်နေတုန်း ကျွန်တော် အမလိုခင်ရတဲ့ အင်ဒိုနီးရှားက အမက သူ့ Mozilla Firefox မှာမြန်မာဖောင့် ကြည့်လို့မရဘူးဆိုလို့  ကျွန်တော်ဒီ using zawgyi pdf file လေးကို တင်ပေးလိုက်တာပါ.. ဒီ PDF FILE လေးက ကိုစေတန်ဂေါ့ ရေးထားတာပါ... ကိုစေတန်ဂေါ့ ရဲ့ စွမ်းဆောင်မှု့ လေးကို ကျွန်တော်ကပဲ ကျွန်တော့်သူငယ်ချင်းတွေ အစဉ်ပြေဖို့  တင်ပေးလိုက်တာပါ.... လိုအပ်တယ် ဆိုရင်
အောက်မှာရှိတဲ့ လင့်ခ်ကို ဒေါင်းဖို့ ရန် နှိပ်လိုက်ပါ...





undefined






Wednesday, July 21, 2010

ထိုင်းနိုင်ငံရောက်မြန်မာမိသားစုများ
စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းကြမည်


ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားမိသားစုများ
စုပေါင်း၍၀ါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲကို ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ ၊ Mahachulalongkornrajavidyalaya
University(M.C.U) , M.B.U စသော
တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူဆည်းပူးနေကြသော
မြန်မာသံဃာတော်အများအပြားသီတင်းသုံးတည်ရှိရာ
ကျလန်စစ်စန်၊ ဖုထမွန်ထို ဆိုင်းနိမ်၊
ဖေ့ကစင် 60/2 ၀တ်တလုံးကျောင်းတိုက်၌ 25-7-2010
နံနက် 8:00 မှ စတင်၍
စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းကြမည် ဖြစ်ပါသည်..
မည်သူမဆို လာရောက်ဆက်ကပ်လှုဒါန်းနိုင်ပါသည် ။


အထူးအစီအစဉ်

နိုင်ငံကျော် နယ်လှည့်ဓမ္မကထိကဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုး) မှ နေ့လည် (၁း၀၀)တိတိ အချိန်တွင်နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြားပါမည်ဖြစ်ပါသည်


အသေးစိတ်သိရှိလိုပါက
အကျိုးတော်ဆောင်အဖွဲ့ ၊၀တ်တလုံးကျောင်းတိုက်၊ ဖုန်း
၀၈၅၀၆၂၈၂၄၂ ၊ ၀၈၆၉၇၀၄၃၅၀ သို
ဆက်သွယ်မေးမြန်နိုင်ပါသည် ။



အစီအစဉ်
နေ့ ရက် : 25-7-2010 sunday.
အချိန် : 8:00 (a.m)
နေရာ : ၀တ်တလုံးကျောင်း ၊ ကျလန် စစ်စန်
ဖုထမွန်ထို ဆိုင်းနိမ်၊ ဖေ့ကစင် 60/2 ၊

Monday, July 19, 2010

Malwarebytes Anti-Malware-setup.exe


ဒါလေးကတော့ Malwarebytes' anti virus software လေးပါ ကိုယ့်စက်ထဲမှာ Trojan တွေ ရှိနေရင် စက်ဟန်းတာတို့ အကြာကြီးနေမှ Window တတ်လာမျိုးတို့ ဖြစ်တတ်ပါတယ် ဒီဆော့ဝဲလ်လေးကတော့Trojan တွေ နဲ့ virus တွေကို သိသိသာသာ နှိမ်နှင်းပေးနိုင်တဲ့ ဆော့ဝဲလ်ပေးပါပဲ...ဒီဆော့ဝဲလ်လေးနဲ့ scan ဖတ်ပီးတာနဲ့ သုံးကြည့်လိုက်ပါ... သင့် Computer လုံးဝ ပေါ့ပါးသွက်လက်နေတာကို တွေ့ ရမယ်ဗျာ နော်... လိုအပ်ရင် (ထံစုံး) ထုန်းစံ အတိုင်း အောက်မှာ ပြေး ဒေါင်းလော့ဆွဲလိုက်နော်...





undefined



Adobe pagemaker 7.0


ဒါလေးကတော့ သူငယ်ချင်းတစ်ယောက်က တောင်းလို့ပါ Adobe page maker 7.0 ပါ အောက်မှာ zip ချုံ့ ထားပါတယ် ဖြည်ပြီး Run လိုက်ရုံပါပဲ လိုအပ်တဲ့ သူငယ်ချင်းတွေ အောက်နားမှာ သွားဆွဲလိုက်နော်....




undefined


Wednesday, July 7, 2010

Compaq driver

Unlimited Free Image and File Hosting at MediaFire ခုတင်ပေးလိုက်တာက သူငယ်ချင်းတို့အတွက်လိုအပ်မယ်ထင်လို့ပါ..တစ်ခါတစ်ရံ ၀င်းဒိုးတင်တဲ့အခါ လိုနေတတ်ပါတယ် အဲ့ဒါလေးကတော့ compaq driver လေးပါပဲ ဒါလေးကို download ချ ZIP File ဖြေပီး ခွေသာ ဘန်းထားလိုက်ကြပါဗျာ..အားလုံးအစဉ်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် လိုအပ်ရင် အောက်နားမှာ ယူလိုက်နော်...





undefined


Tuesday, July 6, 2010

IDM.v5.18.2-hardal

ခုတလော ကျွန်တော် ဘလော့မ၀င်ဖြစ်တာကြာနေပြီဗျာ ဒီနေ့တော့ Internet download manager လေးတင်ပေးချင်လို့ပါ.. တစ်ချို့သူငယ်ချင်းတွေ
ဒေါင်းလုပ်အတွက် အတော်အခက်အခဲဖြစ်နေကြတယ်ဗျာ..အဲ့ဒီတော့ ကျွန်တော်ဆီမှာရှိတဲ့ ဒီဆော့ဝဲလ်လေးကို ဝေမျှချင်လို့ပါ.....အစဉ်ပြေနေတဲ့သူအတွက် ဘာမှမထူးဆန်းပေမဲ့ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်တော့ တန်ဖိုးရှိလိမ့်မယ်လို့ထင်ပါတယ်ဗျာ......ဒီ Internet download manager ကို တစ်လပဲပေးထားပါတယ်.. တစ်လပြည့်ရင်တော့ register လုပ်ရပါတယ်...အဲ့ဒီအတွက်တော့ မပူပါနဲ့ ဗျာ ..ဒီထဲမှာ patch 5.xx file လေးပါ ထည့်သွင်းပေးထားပါတယ်..တစ်လပြည့်လို့ကုန်သွားပီဆိုရင် ဒေါင်းလုပ်မန်နေဂျာကို ခဏပိတ်ထားပီး အဲ့ဒီ patch လေးကိုဖွင့်ပြီး
အောက်ခြေနားမှာရှိတဲ့ Patch ဆိုတဲ့ ခလုပ်လေးကို တစ်ချက်နှိပ်လိုက်ပါ.. ပြီးရင်တော့ Exit ထွက်လိုက်ပါ.. start>all programs ထဲကနေ သွားပြီး အင်တာနက်ဒေါင်းလုပ် မန်နေဂျာလေးကို ပြန်ဖွင့်ကြည့်လိုက်ပါ.. အရင်လိုအလုပ်ပြန်လုပ်နေတာ
တွေ့ရပါလိမ့်မယ်ခင်ဗျာ....အားလုံးအစဉ်ပြေကြပါစေနော်...အဲဒီဆော့ဝဲလ်လေး လိုချင်တယ်ဆိုရင်တော့ အောက်မှာသာဒေါင်းလုပ်ပါ....





undefined



Shakira-Waka Waka( This Time for Africa)The Official 2010 FIFA....

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ