Friday, August 28, 2009

Thursday, August 27, 2009

blogspot တွှေဝင်လို့မရရင်ဒီနေရာက၀င်နော်

သူငယ်ချင်းရေ..မင်္ဂလာပါ..ကိုတို့တွေဘလော့ဂ်တွေ ၀င်ကြည့်တဲ့အခါ အခက်အခက်အမျိုးမျိုးကြုံနေရတယ်နော် မြန်မာ နိုင်ငံမှာဆိုရင် ဘလော့မှာပို့စ်တင်ဖို့အတွက် ဖွင့်ရတာမလွယ်ဘူးဖြစ်နေတတ်တယ် ညနေက မြန်မာနိုင်ငံက ကျွန်တော့် သူငယ်ချင်းတစ်ယောက် ပို့စ် တင်ဖို့ ၀င်လို့မရလို့တဲ့ အခက်တွေ့နေတယ်လေ အဲလိုအခက်အခဲလေးတွေ အလွယ်တကူ ကျော်လွှားဘို့ကတော့ဒီနေရာလေးကိုနှိပ်ပြီးဝင်ရင် ပိုအစဉ်ပြေတယ်ဗျ အားလုံးကိုကျော်မယ်ခွမယ်ဗျာနော် အစဉ်ပြေနိုင်ကြပါစေ သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...

Sunday, August 23, 2009

Saturday, August 22, 2009

ဆရာကြီး၏နောက်ဆုံးဆေးလုံးနှင့်ဟာသများ

ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို
သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာ ကာ
စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့်
ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ
ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
ဆရာကြီး- သိကြသေးတာပေါ့
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့်
မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်
အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း
ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး
၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန်
ဆေးလုံး တစ် လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်
ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်နင့် ပညာ
ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး
“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့
မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ
မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ်
အမွှာမွှာဖြစ်သွားလေတော့ သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး
လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း
တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။

သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ
ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ
သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ
ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။
ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ်
လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့်
သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း
ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

သူရဲကောင်းရွေးခြယ်ပွဲ
တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်
ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို
မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး
မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်
၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို
တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှ
ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “
ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးက
ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ
ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟု
မူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့
ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့
ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်
ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့
အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး
ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။
ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး
သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ
ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။

သေချာပြောပါ
မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး
အနီးတွင် တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော်
မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ
အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….

ဂဏန်းကြီး နှစ်ခါလျှောက်
တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင်
ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ
အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအား လုံးကို
လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာ
ကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။
နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင်
ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေး သေး
လေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး
“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို
ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာတစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။
ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်းတစ်
ကောင်ပြီးတစ်ကောင်ရေး နွေးအိုးထဲကျကုန်၏်။ နောက်ဆုံးတွင် အကြီးဆုံး
ဂဏန်းကြီး အလှည့်တွင် မူကား ထိုဂဏန်းကြီးသည်
အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး
ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေ သတည်း။



Friday, August 21, 2009

ဝိညာဉ်သစ်စာအုပ်စင်သို့


စာပေ၀ါသနာအိုးတွေအတွက်လမ်းညွှန်လိုက်ပါတယ်သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...

တွတ်ပီ ဒီနေ့ကံမကောင်းပါလား


တောက်.. ဒီကွန်နက်ရှင်နဲ့တော့ သောက်ရေးကိုမပါဘူး ..

ကောင်မလေး ဖုန်းနံပါတ်ပေးတော့မယ် ဆိုကျပြီ ..

ရည်းစားစကားပြောခါနီးရင် ကျပြီ..

အီလို့ ကောင်းနေတုန်းဆို ကျပြီ …. ကျကိုကျနိုင်လွန်းတဲ့ ကောင်..
ဖြစ်နိုင်ရင် အ၀ီစိချိုးကပ်နေအောင် ကျချင်နေတဲ့ကောင် …. ။

အခုလည်း ကြည့်.. သူ ကောင်မလေးနဲ့အဆင်ပြေနေတုန်း ကျပြန်ပြီ ။ ဒီကောင်တော့
ဘယ်ဘ၀ကများ ငါ့ကိုအမြင်ကပ်ခဲ့လဲမသိဘူး ။

ဟော.. အိပဲ့အိပဲ့နဲ့တော့ ပြန်တက်လာပြီ ။

တော်ပါသေးရဲ့… ကောင်မလေး ရှိပေသေးလို့ ။ မဟုတ်ရင်အိပ်မပျော်ဘူးလို့မထင်နဲ့ နောက်တစ်နစ်ခ်ပြောင်းကျူရမှာစိုးလို့ဗျ.. အစကနေ
ပြန်ပြောရမှာ.. ဘယ်လောက်ပင်ပန်းလဲ ။

အခုတော့ တော်ပါသေးတယ်.. ကောင်မလေးက သူ့ကိုစောင့်နေလားမသိဘူး
(ကိုယ့်ဘက်ကိုယ်တွေးတယ်ဗျာ.. ဘာပြောချင်လဲ )

Me : ချစ်လေး.. ကိုယ် Connection ကျသွားလို့နော် စိတ်ဆိုးနေလားဟင်..

Kgmalay : ဒီလူကြီးနော်.. ဘာကြီးမှန်းတိဝူး.. ဘီတူက ရှင့်ချစ်လေးလဲလို့

Me : အာာ.. ဒီကချစ်လေး ကိုပြောတာပေါ့ဗျ..ကိုယ်က
ချစ်လေးတစ်ယောက်တည်းနဲ့ပဲပြောနေတဲ့ဟာ

ဘာလဲ ချစ်လေးက ချစ်လေးလို့ ခေါ်ခံချင်ဘူးလား ဒါဆို သည်းလေးလို့ခေါ်မယ် လေနော် …

Kgmalay : လူလည်ကြီး ..ဟွန့် မုန်းချင်ချာဂျီး ..

Me : မုန်းပါနဲ့ဗျာ.. ချစ်ပါနော်.. ချစ်တယ်မလားဟင်

(အမလေးဗျာ.. ချွဲလိုက်တာ တရော်များဖျော်သောက်ထားလားသိဘူး)

Kgmalay : သွားးးပါ…. ချစ်ဘူး သူက အကုန်လုံးကို ချစ်တယ်ပြောနေတာမလား ဒီကသိသားပဲ…

Me : သိဘူးဗျာ.. ချစ်တယ်ပဲ မှတ်တော့မယ် ချစ်တယ်နော်

Kgmalay : ယုံဝူးးးး ရှင့်…

Me : ယုံပါဗျာ… မယုံရင် ဖက်နမ်းပစ်မှာနော်…

Kgmalay : အယ်… ဒီလူကြီးဆိုးလာပီး သွားးးတော့…

Me : သွားပါဘူး.. ချစ်လေးနဲ့မခွဲနိုင်သေးဘူး (အမေရေ သားဗိုက်ဆာပြီဗျ..
အခုထိကွန်ပျူတာရှေ့ကခွာနိုင်သေးဘူး မယ်မင်းကြီးမရယ် မြန်မြန်ပြန်ပါတော့…
)

ချစ်တယ်နော်… ပြန်ပြောပါလား ချစ်တယ်လို့

Kgmalay : ပြောဝူးးး…. ချစ်တယ်လို့

Me : ပြောပါ ချစ်တယ်လို့

Kgmalay : ပြောဝူးးးးးးးးး ချစ်တယ်

Me :အဲဗျာ… တကယ်ချစ်တာလား..ချစ်တယ်နော်… ဟုတ်တယ်မလား

ဟေးးးးးးးးးးးးးးးး အရမ်းပျော်သွားတယ်ကွာ…

ချစ်လေးကို အရမ်းချစ်တယ်နော်...

Kgmalay : အဲ.. ဘယ်မှာပြောလို့လဲရှင့် ..

Me : ပြောပါတယ်… မတွေ့ဘူးလား ခုနကပဲပြောလိုက်ပြီးတော့

Kgmalay : ပြောပါဘူးနော်…ဘယ်မှာလဲ

Me : ချစ်တယ်

Kgmalay : ဘာလဲလို့

Me : ချစ်တယ်….

Kgmalay : အာာ..တော်ပီ စိတ်ကောက်လိုက်မှာနော်...

Me : ကောက်ပါဗျာ… ချစ်လေး ကြိုက်သလောက်ကောက်

Kgmalay : တော်ပီ.. ပြန်တော့မယ်

Me : အာာ ပြန်တော့မလို့လား ( တော်ပါသေးရဲ့ အခုမှပဲထမင်းစားရတော့မယ်)

မနက်ဖြန် ချစ်လေး ဘယ်ချိန်လာမှာလဲ…

Me :း မနက်ဖြန်မလာဘူး သွားစရာရှိလို့

ဟင်.. ဟုတ်လား ကို တော့လွမ်း နေတော့မှာပဲ.. ချစ်လေးက ဘယ်သွားမှာလဲ

Kgmalay : အင်း Dagon center သွားမလားလို့…၀ယ်စရာနည်းနည်းရှိလို့

Me : ကို လိုက်ပို့မယ်လေ… ( သေပီဆရာပဲ… ဘိုင်ပျက်နေပါတယ်ဆိုမှ )

Kgmalay : ဒါဆို 10 နာရီလောက် ice-berry မှာစောင့်နေမယ်လေ နော် ယူ
ုစောစောတော့လာခဲ့နော်

Me : အဲ.. ချစ်လေးကိုမှ မမြင်ဖူးတာ ဘယ်လိုသိမလဲ

Kgmalay : I က အကျီ အနီဝတ်ခဲ့မယ်လေနော် အောက် ဂျင်းဘောင်းဘီအကျပ်လေးနဲ့

(ဂလု… မနက်ဖြန်ကို တွေးရင်းနဲ့တောင် ရင်ခုန်လာပြီ.. ခွိ..ခွိ ) ငါကွ…

Me : Ok Ok ကိုယ်က Tshirt အဖြူနဲ့ ဂျင်းဘောင်းဘီဝတ်ခဲ့မယ်

ဒါဆို bie bie နော် မနက်ဖြန် မှတွေ့မယ် ချစ်လေး ကိုယ်လည်း ထမင်းစားဦးမယ်

တာ့တာ… see U



Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



မနက်စောစော ထပြီး.. သူ တက်ကြွနေသည် ။ အော်.. On lie… on lie

အွန်လိုင်းကြောင့် သူ ငါးပါးသီလမလုံတာကြာပြီ.. ဟဲဟဲ

ကောင်မလေးတွေကလည်း ယုံလိုက်တာ လွန်ရော…

စကားပြောကောင်းတဲ့ သူ့လိုကောင်ဆို တဖြုတ်ဖြုတ်နဲ့ အနားမှာ ကြွေလို့…
(ယင်ကောင်တွေ မဟုတ်ဖူးလို့ )

နည်းနည်းပါးပါး ပြောလိုက်တာနဲ့ အနောက်မှာ တကောက်ကောက်နဲ့ ပါလာပြီ
(ခွေးတွေမဟုတ်ပါဘူးဗျာ)

နည်းနည်းတော့ လုံ့လ ၀ီရိယ ဇွဲ ရှိရတယ်ဗျ …

ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းရည်းစားဖြစ်ချင်ရင် လွယ်လွယ်လေးဗျ..

သိချင်ရင် ကျွန်တော့ဆီ တပည့်လာခံ… ဟဲဟဲ



မနေနိုင်လို့ ဆရာတော့လုပ်ဦးမယ်..

အရင်ဆုံး target ပစ်မှတ်တစ်ခုထားရမယ် ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ
အာရုံစိုက်ပြီး chat ရမယ် ။

ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက
လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက်
သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။

( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ… ဒါက typing skill
ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့
ချက်နေလည်း အိုကေပေါ့ )

ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ
ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်
းစာနာစိတ်တော့ရှိကြပါဗျ)

ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး

ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင်
ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့… အဲ့လို အဲ့လိုပေါ့ဗျာ…

ကျွန်တော်လည်း သိပ်ပြောတက်ဘူးဗျ….အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ် ။

ကျွန်တော်ဆိုလိုတာက ဗျာ.. စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ်ပေါ့ ။

စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. (
အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင်
အလွတ်သာကျက်ထားပေတော့ )

ပြီးတော့ ဟာသဥာဏ်လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste
လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။
တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။

နောက်ပြီး.. အရေးအကြီးဆုံး အချက်က ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ။
ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို
ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ…။ ဒါကြောင့်
စကားပြောရင် သတိထားရတယ် ။

ဥပမာ ပြောရမယ်ဆိုရင်ဗျာ… ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်…ဒယ်ဒီ့ကို
ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်…. အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့
တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို
အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။

နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။
ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။
တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ
အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ…။

ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ…။ ကောင်မလေး
လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ အကျိုးမရှိတာ
သိပ်မပြောနဲ့ဗျ ။

ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD
မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ
သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို
သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။

တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့

အရေးကြီးတာ လိမ္မာပါးနပ်ဖို့ပဲ )

အဲဗျာ.. တော်ပီဗျ.. တော်ကြာ ကျွန်တော့ပညာ အကုန်ကုန်ဦးမယ် ။ ဆရာစားတော့
ချန်ထားရမယ် ။





ဒီလိုနဲ့…

သူ ၀ီရိယ ပိုစွာဖြင့် 9:30 လောက်ထဲက ice-berry ကိုရောက်နေလေရဲ့ ..

အအေးတစ်ခွက်မှာရင်း Dagon center ကိုလာသမျှ ကောင်မလေးတွေကို ငေးရင်းး
သူ့အရှေ့က အအေးခွက်မှာ ရေခဲတောင် အရည်ပျော်လာတယ် ။ အော်..
အချိန်ကြာလို့ပြောပါတယ် ။

ဒီလိုနဲ့… နာရီ သံက တချက်ချက်နဲ့ 10 နားကို ရွေ့လာတယ် ။

ဟော…ဟိုမှာ

နီနီလေး.. တရွေ့ရွေ့နဲ့ ရွေ့လာတယ် ။ သူ့ကောင်မလေးများလား
ရင်ခုန်သံအပြည့်နဲ့ စူးစိုက်ပြီးကြည့်နေလိုက်တယ် ။

ဟုတ်ပါ့ဗျာ…

အနီရောင်လေး… အကျီကိုယ်ကျပ်လေးနဲ့

အောက် ဂျင်းဘောင်းဘီ ဒူးခေါင်းလောက် အတိုလေး..

နည်းနည်းဝေးသေးတော့ သူ့အမြင်က သိပ်မကောင်းချင်ဘူး ။

အနီလေးက တဖြည်းဖြည်းသူ့မြင်ကွင်းထဲမှာ ကြည်လာတယ် ။

ဖိနပ်လေးက ဒေါက်အဖြူလေးနဲ့…

အပေါ်နည်းနည်းတက်ကြည့်တော့.. အော် ခြေသလုံးက အမွှေးတွေနဲ့ သိပ်မဖြူပါလား…ထားပါလေ

အပေါ် နည်းနည်း ထပ်တက်တယ် ။ ပေါင်ရင်းက နည်းနည်းတော့တုတ်တယ် ။ မဆိုးတော့
မဆိုးပါဘူးလေ ။

အင်း…ထပ်တက်လိုက်တော့ ဗိုက်ခေါက်.. နည်းနည်းထွက်ချင်သလို

ကောင်မလေးက ၀တုတ်တုတ်လေးထင်တယ် ။ အေးပေါ့…၀က်မလေးလို ချစ်စရာလေးနေမှာပေါ့ ။

ကောင်မလေးက မဆိုးဘူးဗျ.. သူ့ကို သူ့ကို သိသလိုနဲ့ စားပွဲနားရောက်လာတယ် ။

အမလေးဗျာ… ရင်တွေ တထိတ်ထိတ်နဲ့ အခုထိ ကောင်မလေး မျက်နှာကိုမကြည့်ရဲတော့ဘူး

ဘယ်လိုလေးနေမလဲ စိုးမြတ်နန္ဒာလေး လိုလား.. မိုးဟေကိုလို
ညှို့ဓာတ်အပြည့်နဲ့လား .. ဒါမှမဟုတ် သင်ဇာဝင့်ကျော်လေးလို ညိုချောလေးလား …

ဟင်းးနော်… အသည်းယားလာပြီ ။

ရုပ်ရှင်ထဲမှာလို… တဖြည်းဖြည်းမော့ကြည့် …………….

အမလေး…….. အောင်မရေးးးးးးးးးးးးး

အ ခြောက် မ ကြီး ဗျာ….

အမလေး ဗျ…. … ကံကဆိုးလိုက်လေဟင်းး…ခြင်းးးး ဟင်းးး


မှတ်ချက်......ကျွန်တော်ရေးသောစာမဟုတ်ပါ မေးလ်ထဲကရရှိပါသည် အားလုံးပျော်ရွှင်ပါစေ

G-talk မှာကိုယ့်နာမည်မကျန်ခဲ့စေချင်ရင်



သူငယ်ချင်းရေ ဒါလေးကတော့ ဆိုင်မှာသွားသုံးနေရတဲ့ သူငယ်ချင်းတွေ အစဉ်ပြေအောင်လို့ တင်ပြတာပါ သိပြီးရင်တော့ ငြိမ်ငြိမ်နေ..ဟဲဟဲ G-talk သုံးပြီးရင် ကိုယ့်နာမည်ဟာ ဂျီတော့ထဲမှာ ကျန်နေပါတယ် အဲဒါကို ကျန်မနေစေချင်ဘူးဆိုရင် ဒီလိုလုပ်ကြည့်ပါလားသူငယ်ချင်းရာ
Start menu ကနေ Run Box ကိုသွားပါ ပြီးရင် Run box ထဲကို regedit ကိုရိုက်ထည့်ပါHKEY-CURRENT-USER ကိုနှိပ်ပါ ပြီးရင် SOFTWARE ကနေ GOOGLE နောက်ပြီး G-talk အဲဒီကနေပြီး ACCOUNTS အစဉ်အတိုင်းသွားပြီး ကိုယ့်နာမည်ကို DELETE ဖျက်လိုက်ရင် ကိုယ့်နာမည် ကျန်မနေတော့ဘူးပေါ့ သူငယ်ချင်းရာ

Thursday, August 20, 2009

Preview snapshot ပေါ်ချင်ရင်

သူငယ်ချင်းရေ...နည်းလေးတစ်ခုမျှဝေဦးမယ်နော် ဒီနည်းလေးကတော့ ဘလော့ဂါသမားတွေအတွက်ပေါ့ အခု ကိုယ့်ဆိုက်မှာမြင်နေရတဲ့အတိုင်း လင့်ပေါ်ထောက်လိုက်ရင် Preview snapshot ပုံစံလေးပေါ်ချင်ရင်ဒီမှာ ၀င်လေ့လာရင်ရနိုင်ပါတယ်သူငယ်ချင်း လေ့လာချင်တယ်ဆိုရင်တော့http://www.snap.com/ဒါလေးကိုနှိပ်လိုက်နှိပ်

လွယ်လွယ်ကူကူဖိုင်တွေကို သော့ခတ်သိမ်းရအောင်

သူငယ်ချင်းတို့ရေ..နည်းပညာလေးတစ်ခုမျှမယ်နော် သိပြီးသားဆိုရင်တော့ ဆောရီးနော် ဒါလေးကတော့
ဆော့ဝဲတွေ သုံးစရာမလိုဘဲ ဖိုင်တွေကို lock ချနည်းနည်းလေးပါ ပထမဆုံး c drive ထဲမှာ ဖိုင်တစ်ခုဆောက်လိုက်ပါ ပြီးရင်
နာမည်ကို ကြိုက်ရာပေး ဥပမာအနေနဲ့ ဒီမှာ khakha လို့ပေးလိုက်ပါတယ် ဒုတိယပိုင်းကတော့ start menu ကနေ Run ကိုနှိပ်ပြီး Run box
ထဲမှာ attrib +s +h C:\khakha လို့ရိုက်ပြီး Enter ခေါက်လိုက်တာနဲ့တပြိုင်ထဲ ကိုလုပ်ထားတဲ့ ဖိုင်းလေးပျောက်သွားပါလိမ်မယ်
တတိယပိုင်းကတော့ဗျာ ကိုယ်လိုချင်တဲ့အခါ ပြန်ဖော်ဖို့ပါပဲ ဒီလိုလေးပြန်ဖော်ဗျာနော်... Run box box ထဲမှာ attrib- s- h C:\khakha လို့ရိုက်ပြီး enter ခေါက်လိုက်ရင် အစဉ်ပြေပြီဗျာနော်....စက်ထဲမှာလျှိုဝှက်ပြီးသိမ်းချင်တာလေးရှိရင်တော့ သူငယ်ချင်းရေ...လုပ်လိုက်တော့နော

စာဂျပိုးများအတွက်ဖတ်ဖို့စာအုပ်စင်ပါ

ဝိဇ္ဖာလာပြီနော်

သူငယ်ချင်းရေ သတင်းတစ်ခုပြောပြမယ်နော်..မြန်မာဖောင့်မကျွမ်းလဲမြန်မာလိုရေးလို့ရနေပြီဗျ မြန်းဂလစ်လိုရိုက်ရင် မြန်မာလိုပေါ်ပေးတဲ့ ကီးဘုတ်ဆော်ဝဲပေါ်နေပါပြီ သူငယ်ချင်းလိုချင်တယ်ဆိုရင်တော့ ဒီမှာဒေါင်းလော့လုပ်လိုက်ဗျာ user guide တွေရော ဒေါင်းနော်သူငယ်ချင်း....အားလုံးအစဉ်ပြေပါစေနော်

စက်တစ်လုံးထဲကို ဂျီတော့အကောင့်အများကြီးဖွင့်သုံးလို့ရအောင်

သူငယ်ချင်းတို့ရေ ကိုယ့်စက်တစ်လုံးထဲမှာG-talk အကောင့်တွေ အများကြီးဖွင့်သုံးချင်တယ်ဆိုပါစို့ ကဲ ဒီလိုလေး လုပ်လိုက်ရင်အစဉ်ပြေတယ်ဗျာ....လုပ်ရမှာကတော့ ဒတ်စတော့ ပေါ်က G-mail icon ပေါ်ကို right click နှိပ်လိုက်ဗျာ အဲဒီမှာ properties ကိုတွေ့ရင်ထပ်နှိပ်လိုက်ဦးနော် ဘောက်စ် တစ်ခု ကျလာလိမ့်မယ် အဲဒီထဲမှာ Target ကိုတွေ့ အောင်ရှာပြီး သူ့ဘေးနားက ဘောက်စ်ရဲ့စာအဆုံးကိုသွား ကာဆာချ space ခြားပြီး /nomutex ဆိုတဲ့စာရိုက်ထည့်ပြီး ok ပေးလိုက်ရင် ရပြီသူငယ်ချင်း
အကောင့်များများဖွင့်ပြီး သုံးနိုင်ပါပြီ....

လက်နတ်ကိုင်ဆောင်မှု့

တစ်ခါက
လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို
အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ်
ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ
အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန်
ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင်
လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ
စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ........
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက...
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့
ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ
ရလိမ့်မယ်” ဟု
မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ
အစုံအလင်ပါနေတာပဲမဟုတ်လား” ပာုပြောလိုက်လေသည်။

ကျွန်တော်မေးလ် ထဲရောက်လာတဲ့ ဟာသလေးတွေပါ ကျွန်တော်ကိုယ်တိုင်ရေးတာမဟုတ်ဘူး အဟီး.....

Wednesday, August 19, 2009

chat သူခိုးတွေဖမ်းရအောင်

သူငယ်ချင်းရေ..ဒီနည်းလေးလဲလူတိုင်းသိနိုင်တာပဲ မသိသူအတွက်ပေါ့ ဟဲဟဲ..တစ်ခါတစ်ခါ ကိုယ်တို့တွေချက်တဲ့အခါ အမြဲတမ်း အော်ဖ်လိုင်းဖြစ်နေတဲ့လိပ်စာလေးတွေရှိနေတတ်တယ် သူတို့တွေဟာ တကယ်offline ဖြစ်နေတာတွေရှိသလို လူမသိအောင်offline ပုံစံ လုပ်ပြီး ချက်နေတာလဲဖြစ်နိုင်တယ် သူတို့တွေဟာ တကယ် offline ဖြစ်နေတာလား offline ပုံစံလုပ်ပြီးနဲ့ ခိုးချက်နေကြတာလားသိရအောင် စမ်းကြည့်ရအောင်နော်...ပထမဆုံး ကိုမသင်္ကာတဲ့လူရဲ့ address box ကိုဖွင့်ပါ box ရဲ့ ဘားတန်းမှာ send voice mail ရယ် call ရယ် နောက်ပြီး အောက်ကိုပြထားတဲ့မျှားပုံလေးရယ် သုံးခုရှိနေတာတွေ့လိမ့်မယ် အဲဒီ
အောက်ကိုပြနေတဲ့မျှားလေးကိုနှိပ်လိုက်ပြီး Go off the record ကို နှိပ်လိုက် stop chatting off the record ဆိုတဲ့စာတန်းလေးပြောင်းအောင်နှိပ်ရမယ်နော် သေချာအောင်တော့ပြန်ကြည့် ဖြစ်ပြီးဆိုရင်သူငယ်ချင်းရေ ကိုယ့်တို့တွေ ချက်နေကြအတိုင်းပေါ့ စမ်းပြီး Hello လို့ လုပ်ကြည့်လိုက်ပါ ဥပမာ...loversky9@gmail.com is offline and can't receive messages right now. ဆိုတဲ့ အနီရောင်စာတန်းလေးပေါ်လာရင် တကယ် offline ဖြစ်နေတာပါ ဘာမှမပေါ်ဘူးဆိုရင်တော့ သူငယ်ချင်းရေ သူoffline ပုံစံလုပ်ပြီး ခိုးချက်နေတာပါ ဟလို ငါသိတယ်နော် မင်းအောက်ချက်နဲ့ ချက်နေတယ်ဆိုတာ မင်းငါ့ကိုလိမ့်လို ဘယ်ရမလဲ ဟဲဟဲ ဆိုပြီးပြောလိုက်ပေါ့ဗျာ ပျော်စရာကြီးနော် သူခိုးဖမ်းရတာ စမ်းကြည့်သူငယ်ချင်းရာနော် အစဉ်ပြေပါစေ...

blockလုပ်လား/မလုပ်လားစုံစမ်းရအောင်

သူငယ်ချင်းရေ..ဒီနည်းလေးကတော့လူတိုင်းသိပြီးသားဖြစ်မှာပါ..မသိသေးတဲ့သူငယ်ချင်းတွေအတွက်ရည်ရွယ်ပါတယ်နော် ကိုယ်တို့ တွေ G-talk နဲ့ chatတဲ့အခါ တစ်ခါတရံ စကားများပြီး တစ်ယောက်နဲ့တစ်ယောက် block လုပ်တတ်ကြတယ်နော် ကိုယ့်ကလုပ်ရရင်အရသာကိုရှိနေတာပဲ တကယ်လို့ကိုယ်ကလုပ်ခံရတယ်ဆိုရင်စိတ်ထဲမှာအောက်သက်သက်နဲ့ခံရခက်ပါတယ်ကွာနော် ကိုက block ခံရလို့ရှိရင် ဘလော့တဲ့သူရဲ့လိပ်စာဘောက်လေးကတော့ ကိုယ့်ထဲမှာ အမြဲတမ်းအောက်နေတဲ့ပုံစံနဲ့ ရှိနေဦးမှာပါ လုပ်တဲ့သူဘက်မှာတော့ကိုယ့်လိပ်စာမရှိတော့ဘူးပေါ့ တကယ်သူက ကိုယ့်ကိုblockလုပ်လားမလုပ်လားသိရအောင်ဒီလိုလေးစမ်းကြည့်ရအောင်ကွာနော် ပထမဆုံး ကိုယ်မသင်္ကာတဲ့လူရဲ့ လိပ်စာဘောက်လေးကိုဖွင့်ပြီး send voicemail ကိုနှိပ်ပြီးကြည့်လိုက်ပါ မိန်းကလေးစကားပြောတဲ့အသံလေးထွက်လာတယ်ဆိုရင် သူဘလော့မထားပါဘူး တကယ်လို့ သူငယ်ချင်းက send voicemail ကိုနှိပ်လိုက်တဲ့အခါ ခေါ်လိုက်တဲ့အသံလေးက ဘာသံမှ ထွက်မလာပဲ ကျကျသွားတယ်ဆိုရင် သူငယ်ချင်းရေ ကျိန်းသေတယ် မင်းကိုသူ block လိုက်ပြီ ဒီလိုလေးစမ်းကြည့်လိုက်ပေါ့နော်

မှားစရာရှားလို့


နွေဦးရဲ့ ပထမဆုံးရည်းစားနဲ့ လွဲခဲ့ရတဲ့ဇာတ်လမ်းလေးပါ........ ကောင်မလေးကတောင်ကြီးသူလေ..
ညီအမနှစ်ယောက်ရှိတယ်.....ကျွန်တော့်ကောင်မလေးကအကြီးမ ပါ....
ဖြစ်ပုံကဒီလိုဗျ...တောင်ကြီးတန်ဆောင်တိုင်မှာစပီးသြိ ကတာ.....ဒီလိုနဲ့ ရည်းစားတွေဖြစ်ကြပီးမကြာခင်မှာ...ရှင်းမရတဲ့ ပြသနာကြောင့်လွဲရတဲ့ အဖြစ်ပါ...ကျွန်တော်ရေးမိတဲ့..
စာတစ်စောင်ကြောင့်လို့ပဲပြောရမှာပေါ့လေ...
သူနဲ့ ကျွန်တော် လျှောက်လည်ကြတော့...သူ ကလက်အိပ်ဝတ်မထားဘူးလေ....ကျွန်တော်လည်းလက်အိပ်ဝယ်ပြီး...လက်ဆောင်ပေးဖို့ စဉ်းစားမိတယ်...ဘယ်မှာ ၀ယ်ရမှန်းလည်းမသိဘူး...သူ့ ညီမလေးကလည်း...သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့ ဝယ်စရာ...
ရှိတယ်တဲ့.....ဒါနဲ့ ပဲ...နှစ်ယောက်သားဈေးကိုလာကြတယ်...ဆိုင်ရောက်တော့. ..သူ့ ညီမလေးက..
under wear ၀ယ်တယ်...ကျွန်တော်က..သူ့ အတွက်..လက်အိပ်ဝယ်တယ်...အရောင်းစာရေးမလေးက
packing ကိုတရောင်တည်း၊တရွယ်တည်းထုပ်လိုက်တယ်လေ...ကျွန်တော်လ ည်း...ပြန်မစစ်တော့ဘူးလေ....ပီးတော့ကိုယ့် ချစ်သူကိုအံ့အားသင့်စေချင်တော့....သူ့ ညီမနဲ့ ထည့်မပေးပဲ..
စာတိုက်ကနေ..ထည့်ပေးလိုက်တယ်...ပီးတော့စာတစ်စောင်ပါေ ရးပေးလိုက်သေးတယ်ဗျ.....
ဒီစာကြောင့်ပဲ...လွဲခဲ့ ရတယ်ဆိုပါတော့ဗျာ......

သို့
ချစ်လေးအတွက်မွေးနေ့လက်ဆောင်ပို့လိုက်တယ်.....
ဘာကြောင့်ဒီလက်ဆောင်လေးပေးရလဲဆိုတော့ချစ်နဲ့ကို
ညနေပိုင်းလမ်းလျှောက်ထွက်တဲ့အခါချစ်လေးဝတ်လေ့မရှိဘူး ဆိုတာ....
ကိုသတိထားမိတယ်ဒါကြောင့်ချစ်ဝတ်စေချင်လို့လက်ဆောင်ပေးဖို့
စိတ်ကူးမိတာ။အစတုံးကတော့ နှိပ်ကြယ်သီးလေးပါတာဝယ်အုံးဖို့
ချစ်ရဲ့ ညီမလေးကပြောတယ်ကြယ်သီးပါတာကချွတ်ရစွတ်ရမကောင်းဘူးတဲ့ ...
ဒီဟာလေးက ချွတ်ရစွတ်ရလွယ်တယ်တဲ့သူတောင်ဝတ်ပြသေးတယ်
လှလိုက်တာလေ...၊ ဆိုင်ကကောင်မလေးကလဲသူလည်ဲးဒါပဲသုံးတာတဲ့....
သူလည်းဝတ်ပြတယ်...ဟုတ်တယ်...လှတယ် အဲဒါနဲ့ကိုလဲအဲဒါလေးပဲဝယ်ခဲ့တယ်
ကိုနဲ့တွေ့ရင်အဲဒါလေးဝတ်ရမယ်နော်..တွေ့ရင်တော့လားနမ်းပစ်လိုက်အုံးမှာ
ဒါပဲနော်..သောကြာနေ့ကိုနဲ့တွေ့တဲ့အခါ ကိုနမ်းဖို့ဝတ်လာခဲ့နော် .......

ကို

မှတ်ချက်။ ။အနားသတ်မှာအမွှေးဖွားဖွားလေးတွေပါတာဝယ်အုံးမလို့ 
ဒါပေမယ့်အသည်းလေးယားမှာဆိုးလို့ပြီးတော့ဈေးလဲကြီးလို့
ဟီးဟီး...ဒါပဲနော် ၀တ်လာခဲ့ ဖက်ကိုနမ်းအုံးမှာ။


အော်....ပြောဖို့ မေ့နေလို့ ဗျို့... သူ့ ညီမလေးကသူ့ သူငယ်ချင်းကိုပေးမယ့်လက်ဆောင်ထုပ်နဲ့ မှားသွား.
တာဗျ.....နောက်မှသိရတာလေ...ဒါပေမယ့်ဆေးမမှီတော့ဘူးလေ ...
သိတယ်မှတ်လား.....နွေဦးလေ...နွေဦး...ဂလောက်တော့ရှိ မပေါ့..ဟီးဟီး

youtubeကိုဒေါင်းလုပ်ဆွဲကြည့်ချင်ရင်


သူငယ်ချင်းတို့ရေ ..youtube ကိုဒေါင်းလုပ်ဆွဲပြီးကြည့်ချင်တယ်ဆိုရင် နည်းလေးတစ်ခုပေးလိုက်ပါရစေ ..ပထမဆုံးသူငယ်ချင်းဆွဲချင်တဲ့ ဗီဒီယိုကိုဖွင့်ထားပါ ပြီးရင် menu bar ပေါ်က bookmarks ကိုနှိပ်ပြီး bookmark this page ပေါ်မှာ right click နှိပ်လိုက်ပါ ပေါ်လာတဲ့ဘောက်ထဲက new bookmark ကိုရွေးပါ ပေါ်လာတဲ့ဘောက်ရဲ့ name နေရာမှာ ကြိုက်ရာနာမည်တစ်ခုပေးလိုက်ပါ နောက် location ဆိုတဲ့နေရာမှာဒီစာလေးကိုကော်ပီကူးပြီးjavascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&fmt_map' + swfArgs['fmt_map'] + '&t=' + swfArgs['t']; ပေ့စ်လုပ်လိုက်ပါ ပြီးရင် add ကို နှိပ်လိုက်ပါ ပြီးရင်
bookmark ကိုနှိပ်ပြီးကြည့်လိုက်ပါ သူငယ်ချင်းပေးထားတဲ့နာမည်နဲ့ဘုတ်မာ့ခ်အောက်ဆုံးမှာတွေ့ပါလိမ့်မယ် သူငယ်ချင်းပေးထားတဲ့နာမည်ပေါ်ကို တစ်ချက်နှိပ်လိုက်ပါ ပြီးရင် save မှာလား open with နဲ့ဖွင့်မှာလားမေးလိမ့်မယ် သူငယ်ချင်းကသိမ်းထားချင်တယ်ဆိုရင် save file မှာအမှတ်ထည့်ပြီး ok ပေးလိုက်ပါ စတင်ဒေါင်းလော့လုပ်နေပါပြီ ပြီးရင် ကိုယ့်သိမ်းထားတဲ့နေရာမှာ သွားပြိးဖွင့်ကြည့်လိုက်ပေါ့...အားလုံးအစဉ်ပြေပါစေနော်သူငယ်ချင်း

Saturday, August 15, 2009

စေတန်ဂေါ့ရဲ့မြန်မာလိုဘလော့ရေးနည်းစာအုပ်

ဒီမှာဒေါင်းလော့ယူပါ

ဘလော့ရေးနည်း

ဒီမှာဒေါင်းလုပ်ယူပါ

သခင်မျိုးဟေ့ ဒို့ဗမာ

တစ်ခါက အင်္ဂလန်မှာ နိုင်ငံထိပ်သီး လျှို့ဝှက်အစည်းအဝေးတစ်ခုပြုလုပ်ကြတယ်....
အဲဒီတုန်းက မြန်မာပြည်က ဘုရင်စနစ်အုပ်စိုးတဲ့အချိန်ဆိုတော့ မြန်မာပြည်ကလည်း စစ်သူကြီးတစ်ဦးတက်ရောက်တယ် ။ စစ်သူကြီးက နန်းဝတ်နန်းစားနဲ့ နှုတ်ခမ်းမွေးနဲ့ ခန့်ချော်ကြီး

အစည်းဝေးပြီးတော့ အပြန်မှာပေါ့ လေယာဉ်နဲ့ပြန်ကြရတယ်။ လေယာဉ်ပေါ်မှာက မြန်မာလူမျိုး ၊ ဂျာမန်လူမျိုး ၊
ကုလားလူမျိုးနဲ့ တရုတ်လူမျိုးပါတယ် ။ အဲဒီမှာ လေယာဉ်က ချို့ယွင်းမှုဖြစ်ပါလေရော ။
လေယာဉ်မှုးကပြောတယ်
“ လေယာဉ်က မရတော့ဘူး ကျွန်တော်နဲ့ အတူ တစ်ယောက်ပဲနေခဲ့လို့ရမယ် အလေးချိန် မမျှတော့ဘူး ”
အဲဒီမှာ အားလုံးတဘောတူ လေယာဉ်မှုးတစ်ယောက်ထဲကိုပဲ ချန်ခဲ့ပြီး ၄ ယောက်လုံးအတူတူခုန်ချပြီး အသေခံမယ်ပေါ့။ဒီလိုနဲ့.........
ဂျာမန်ကစပြီး
“ ဟစ်တလာမျီုး သွေးနီတယ်ကွ”လို့အော်ပြီး ခုန်ချသွားတယ်
ကုလားက ဗန်ချာကုလား ။ သူကလည်း
“ ဆံပင်ရှည်ပေမယ့် မိန်းမ မဟုတ်ဘူး”လို့အော်ပြီး ခုန်ချသွားပြန်တယ်
တရုတ်နဲ့ မြန်မာ နှစ်ယောက်ပဲကျန်တော့တယ်
တရုတ်က အပေါက်ဝမှာ ဒူးတုန်နေတယ် မခုန်ချရဲဘူး
စိတ်ထဲမှာလဲ မြန်မာအရင်အော်ပြီး ခုန်ဆင်းပါစေပေါ့
မြန်မာ ခုန်ချပြီးရင် သူနေခဲ့တော့မယ်ပေါ့
အဲဒီအချိန်မှာပဲ သူ့အနောက်က မြန်မာက
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်လိုက်တော့ တရုတ်ပျော်သွားတယ်
ဒါပေမယ့်သူထင်တာလွဲသွားတယ် မြန်မာကွ
“သခင်မျိုးဟေ့ ဒို့ဗမာ”လို့အော်ပြီးနောက်ကနေ သူ့ကို ကန်ချလိုက်တယ်လေ


အဲဒါ ဗမာကွ!!!!!!!!!!!!!!!!!!!!!

Friday, August 14, 2009

Friday, August 7, 2009


ဘန်ကောက်မြို့ရဲ့ ညရှု့ခင်းအလှပေါ့ မြင်ရသူတိုင်း ရဲ့ စိတ်ကိုကြည်နူးစေတယ်နော် လာလည်ကြပါဦး...
ရှု့ခင်းလွင်ပြင်

အူဝဲလေးအဖွဲ့ စကိတ်

ကျွန်တော်ဘ၀ ကျွန်တော့်အချစ်

နွေးဦးရဲ့ လေရုူးလေးတွေကတသုန်သုန် မှုန့်မှုန့်ဝေနေတဲ ကောင်းကင်ကြီးကပြိုတော့မဲ့မိုးနှယ် ထင်ယောင်မှားစေရဲ့.....ထိုအချိန် အတွေးစတွေနဲ့လျှောက်လှမ်းနေတဲ့ လူတစ်ယောက်.ကျောင်းတတ်ဖို့ရန် ရန်ကုန်တတ်လာတဲ့ အတိတ်အကြောင်းတွေစဉ်းစားနေရင်းခြေလှမ်းတွေက မှန်မှန်လေး လျှောက်လှမ်းနေတယ် သူဦးတည်၇ာက ကိုးထပ်ကြီးဘုရားကိုပါ
သူနေတဲ့ အဆောင်နဲ့ ဘုရားနဲ့က နီးပါတယ် ဒါကြောင့် အဆောင်ကိုအရင်ရောက်နေတဲ့သူငယ်ချင်းတွေကိုမေးပြီး ဘုရားလာဖူးတာပေါ့
ဘုရားပေါ်တတ်လိုက်တာနဲ့ တပြိုင်တည်း ကြည်နူးမှု့တွေ ရရှိလိုက်တယ် အေးချမ်းမှု့ကို သူခံစားလိုက်ရတယ် ဘုရားလှုဖို့ ပန်းဆိုင်ကနေ
ပန်းတွေဝယ်ပြီး ဘု၇ားကပ်လှုတယ် ၀တ်ပြုဆုတောင်းတယ် အရာရာအစဉ်ပြေပါရစေပေါ့...ဘုရားရှင်ရဲ့မျက်နှာတော်က တောင်းတဲ့ဆုနဲ့
ပြည့်စေ ဟု မိန့်ကြားနေသယောင် အသက်ဝင်လှပါတယ် ဘုရားကိုလက်ျာရစ်ပူဇော်ပြီး ဈေးတန်းဘက်လျှောက်လာတယ် အအေးဆိုင်လိုက်ရှာတာပေါ့...ခဏတဖြုတ်နားရင်းအအေးသောက်မယ်လို့စိတ်ကူးနဲ့သူ ထိုင်လို့ကောင်းမဲ့ဆိုင်ကိုရှာလိုက်တယ်....
ဆိုင်ထဲကနေ အပြုံးလေးနဲ့ကြည့်နေတဲ့ကောင်မလေးရဲ့ မျက်ဝန်းတွေက သူ့ရဲံ့စိတ်ကိုညှို့.ယူခံလိုက်ရသလို တွေတွေကြီး ငိုင်နေမိတယ်
သူ့မရဲ့မျက်နှုာလေးက အရမ်းမလှပေမဲ့ အရမ်းလဲ ရုပ်မဆိုးပါဘူး ..သူမရဲ့မျက်နှာလေးကတော့ အရမ်းကိုချစ်စရာကောင်းနေပြန်တယ်
ဘယ်လိုမှမေ့ဖျောက်လို့မရဘူးဆိုတာကိုသူသိနေတယ်...သူမက ပြုံးပြတာသူ့ကိုပြုံးပြတာမဟုတ်ပါဘူး သူ့ဆိုင်ကိုဈေးလာဝယ်တဲ့ လူ
တစ်ယောက်ကိုပါ...သူ့အပြုံးကို ဘယ်လိုမှမေ့ဖျောက်လို့မရတော့ဘူး..အဲဒီလိုနဲ့ သူမကိုသူသတိထားမိခဲ့တယ်ပေါ့.....
ဒီလိုနဲ့သူနေ့တိုင်း ဘုရားကိုရောက်နေတယ်...ဘုရားဖူးရင်း လိပ်ဥတူးရင်း ပေါ့ အဟီး...သူလာကြည့်နေတာကို သူမကသတိမထားမိပါဘူး...ဒီလိုနဲ့ သူ့ရဲ့အသဲထဲကို သူမရောက်လာခဲ့တယ်......

friends

Wednesday, August 5, 2009

အာမိတာပေါ

ဇွဲ

တစ်ကြိမ်ရှုံးလဲ ပြုံးမပျက်နဲ့
ဆက်လက်၍သာ သဲမဲစွာဖြင့်
လိုရာစခန်း လှမ်းမြဲလှမ်းလော့........
ကြိမ်ကြိမ်ခါခါ ကျရှုံးပါစေ
ရှောင်ခွါကြောက်ရွံ နောက်မတွန်နဲ့
ထက်ကွန့်၍ကြံ ဇွဲသန်သန်ထား
ယောက်ျားတို့ထုံး သေမှဆုံး၏........
တိမ်ဖုံးသည့်ခိုက် ထိုစဉ်ကြိုက်ဝယ်
မှောင်မိုက်ခဏ ကြုံတွေ့ရလဲ
တောက်ပထိန်းလင်း သူရိန်မင်းတွင်
ရှိန်ကင်းသည်ဟု ဆိုမည်လော........
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ