Sunday, September 27, 2009

ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားများသိစေရန်

မြန်မာရွေ့ပြောင်းအလုပ်သမားများ ပတ်စပို့ပြုလုပ်ခြင်းဆိုင်ရာ အထောက်အကူပြု အချက်အလက်များ
နိုင်ငံသားစီစစ်ရေးအကြောင်းနှင့် ပါတ်သတ်ပြီး ထိုင်းအစိုးရ၀န်ကြီးများဆိုင်ရာ အစည်းအဝေးကို 9.12.2008 ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံသား စီစစ်ခြင်းကို ရွေ့ပြောင်းအလုပ်သမားများဖြစ်ကြသည့် မြန်မာနိုင်ငံသားများပြုလုပ်ရမည်ဖြစ်ပြီး ထိုင်နိုင်ငံ အတွင်း ခေတ္တ တရားဝင်(ပန်းရောင်အလုပ်သမား ဘတ် ) လုပ်ဆောင်ထားသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများကို တရားမ၀င်ခြင်းမှ တရားဝင် အလုပ်သမားဖြစ်ရန် ရည်ရွယ်သည်.....
လုပ်ပုံအဆင့်ဆင့်မှာ
၁။ ရွေ့ပြောင်းမြန်မာအလုပ်သမားများသည ထိုင်းဘာသာ ၊ မြန်မာဘာသာနှင့် မှန်ကန်စွာ ရေးဆွဲထားသော နိုင်ငံသားစီစစ်ရေးပုံစံစာရွက်တွင်ဖြည့်ရမည်ဖြစ်ပါသည်။ အထူးသဖြင့် (အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ အဖအမည်၊ အမိအမည်)များကို ဖြည့်စွက်ပြီး မြန်မာမှတ်ပုံတင်ရုံးမှစစ်ဆေး၇န်အတွက် ခရိုင် အလုပ်သမားရှာဖွေရေးရုံးသို့ ပို့ပေးရန်။၂။ မြန်မာမှတ်ပုံတင်ရုံးမှ အထက်ပါအမှတ်စဉ်(၁)အတိုင်း အတည်ပြုပါက ထိုင်းနိုင်ငံရှိ ခရိုင် အလုပ်သမားရှာဖွေရေးရုံးသို့ ပြန်လည် အကြောင်းကြားပြီးနောက် အလုပ်သမားရှာဖွေေ၇းရုံးမှ ရွေ့ပြောင်းအလုပ်သမားဧ။် သူဌေးအား မိမိအလုပ်သမားကို သတ်မှတ်ထားသည့် ရက်အတွင်းနယ်စပ်သို့ခေါ်ဆောင်သွားပြီး နိုင်ငံသားစီစစ်ရေး ပြုလုပ်နိုင်ရန် အကြော င်းကြားရမည်ဖြစ်သည်။
၃။ နိုင်ငံသားစီစစ်ေ၇း ပြုလုပ်ပြီးနောက် ဆက်လက်ပြီး ထိုင်းအစိုးရဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု့ခံယူရမည်ဖြစ်ပြီး အလုပ်လုပ်ခွင့်စာ၇ွက်စာတမ်းကို ခရိုင်ရှိ အလုပ်သမားရှာဖွေရေးရုံးတွင် သွားလျှောက်ရမည် ဖြစ်သည်။

နိုင်ငံသားစီစစ်ခြင်းမှ ရရှိသောအကျိုးကျေးဇူး
၁။ ထိုင်းနိုင်ငံအတွင်း(၂)နှစ်တာ ခေတ္တသွားလာနေထိုင်ခွင့် လက်မှတ်(visa) စာအုပ်ရရှိမှာဖြစ်သည်။
၂။ အလုပ်လုပ်ခွင့်ကဒ်ရရှိပြီးနောက် ထိုင်နိုင်ငံအတွင်း(၂)နှစ်တာ နေထိုင်ခွင့်သက်တမ်းပြည့်သွားပါက နောက်ထပ် (၂)နှစ် ဆက်လက်နေခွင့်ရရှိပြီး(၁)နှစ်တစ်ခါ ဘတ်လုပ်ပေးခြင်းကို စောင့်နေစရာမလိုတော့ပါ။
၃။ အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံ လူဝင်မှုကြည့်ကြပ်ေ၇းဧ။် စည်းမျဉ်းအတိုင်း ထိုင်းနိုင်ငံ အတွင်း နေထိုင်သွားလာခွင့်ရှိပြီး မိမိဆွေမျိုးများရှိရာ မြန်မာပြည်သို့ တရားဝင် အလည်အပတ် သွားလာခွင့်ရှိသည်။
၎။ ကျန်းမာေ၇း စစ်ဆေးမှု့ပြုလုပ်ရာတွင်လည်း (၂)နှစ်အတွင်း (၁)ကြိမ်သာ ပြုလုပ်ရမည်ဖြစ်သည်။
၅။ ထိုင်းအလုပ်သမားများနည်းတူ အလုပ်သမားအခွင့်အရေးများနှင့် လူမှုဖူလုံရေးခံစားခွင့်များကို ရရှိခံစားနိုင်မည်ဖြစ်ပြီး ဂုဏ်သိက္ခာရှိသော တရားဝင်ရပ်တည်နေထိုင်ခွင့်ကို ရ၇ှိမည်ဖြစ်သည်။

နိုင်ငံသားစီစစ်ခြင်းမှ ရရှိသော ဆိုးကျိုးများ
၁။ နိုင်ငံသားစီစစ်ခြင်းနှင့် ယာယီပတ်စ်ပို့ပြုလုပ်ခြင်းကြောင့် ဆိုးကျိုးရ၇ှိသည် ဟု တိကျသေချာစွာ မသိရသေးပါ။ သွားလုပ်သူများကိုဖမ်းဆီးခြင်း၊ မိဘများ မိသားစုများမှ ငွေတောင်းခံခြင်းများရှိသည်ဟု သတင်းထွက်ပေါ်လာသော်လည်း ကောလဟာလ များသာဖြစ်နေပြီး စုံစမ်းကြည့်လျှင် တိကျရေရာမှု့မရှိပဲ အဖျားရှုးသွားသည်ကိုသာ တွေ့မြင်နေရသည်။ မဟာချိုင်တွင် နိုင်ငံသားစီစစ်ပြီး ယာယီပတ်စ်ပို့ ရရှိထားပြီးသူ ၂၀၀ ခန့်ရှိနေပြီး ထိုသူများသည် မည်သည့်ဆိုးကျိုးကို ကြုံရသည်ဟု မကြားရသေးပါ။

ကုန်ကျစားရိတ်
မြန်မာနိုင်ငံယာယီပတ်စ်ပို့ ဖို့း = ၃၀၀၀ ကျပ်( ဘတ် ၁၀၀ ခန့်)
၂ နှစ်နေထိုင်ခွင့်ဗီဇာ ခ = ၂၀၀၀ ဘတ် စုစုပေါင်း ၂၁၀၀ ဘတ်
ပတ်စ်ပို့ရလာပြီးနောက် ၂၀၁၀ ခုနှစ် ၂ လပိုင်း ကုန်လျှင် အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းဆက်ရန် ဆေးစစ်ခ ၆၀၀ ဘတ် နှင့် အလုပ်လုပ်ခွင့်လက်မှတ်ခ ၁၉၀၀ ဘတ် ထပ်မံကုန်ကျမည်ဖြစ်သည်။ ကုန်ကျစားရိတ်ကို ပိုမို ကောက်ခံ ခေါင်းပုံဖြတ်ခံရခြင်းမရှိစေရန် သေချာမေးမြန်း စုံစမ်းပါ။

သတိပေးချက်
နိုင်ငံသားစီစစ်ခြင်းကြောင့်ရရှိလာမည့် ကောင်းကျိုးဆိုးကျိုးများကို သေချာစွာ စုံစမ်းမေးမြန်းသင့်ပါသည်။ ကောလဟာလ သတင်းများ၊ မသေချာသော သတင်းများ၊ မတိကျသောသတင်းများကို နားယောင်ခြင်းထက်၊ မိမိတို့ကိုယ်တိုင် သေချာစုံစမ်း လေ့လာပြီးမှသာဆုံးဖြတ်ချက်ချရန် တိုက်တွန်းအပ်ပါသည်။

အထက်ပါအကြောင်းအရာများသည် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ၊ အလုပ်သမားရှာဖွေရေးဌာန(ဖန်ငခရိုင်)ဧ။် ကြေငြာချက်ကို မှီငြမ်း ကိုးကားထားပါသည်။ အသေးစိတ်သိလိုလျှင် ၀၃၄-၄၁၄ ၀၈၇၊ ၀၈၆-၇၅၆ ၀၈၃၅(H.R.D.F)နှင့် ၀၈၆-၇၅၅ ၅၃၃၇(M.W.R.N)သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

No comments:

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ