Thursday, December 23, 2010

Security Shield Virus သတ်နည်း

Security Shield Virus မိမိကွန်ပြူတာထဲ ၀င်သွားပြီဆိုရင် Programs တွေနဲ့ application တွေကို ဟန်ဆောင်ပိတ်ပစ်လိုက်ပါတယ် နောက်ပြီး Scanning Process ကို ဟန်ဆောင်ပြတယ် Virus Result ကိုလဲပြတယ် Remove လုပ်တဲ့အခါ လိုင်စင်တောင်းပါပြီ Security Shield ကို active လုပ်ခိုင်းပါတယ် မရှိရင် ၀ယ်ခိုင်းပါတယ် သူ့ Software ကိုဝယ်သုံးဖို့ အတွက် ပရိယာယ်သုံးပြီး Software ရောင်းစားတာပါ ဘာလုပ်လို့ သူ့ ရဲ့ ဗိုင်းရပ်စ် လိုက်နှောက်ယှက်နေတော့တာပါပဲ Task manager လည်းဖွင့်လို့မရသလို Registry Editor လဲ ဖွင့်မရပါ ဘာပရိုဂ၇မ်မှ အင်စတော့လဲလက်မခံပါ... Window C သာမကပဲ D ကိုပါ Prevent လုပ်လိုက်ပါတယ် Movie တွေလဲ ဖွင့်မရနိုင်ပါ.. အတော်စိတ်ရှုပ်စရာ ကောင်းတဲ့ ဗိုင်းရပ်စ်အမျိုးအစားပါ သတ်ရတာလုံးဝအစဉ်မပြေပါ ဘယ်လိုပုံစံမျိုးနဲ့ ဒီဗိုင်းရပ်စ်ဝင်သလဲဆိုတော့ ဘာမသိညာမသိ အွန်လိုင်းမှာ ဟိုဒီလည်ရင်းနဲ့ ကောင်မလေးချောချောငမ်ပြီး ကြော်ငြာကို သွားနှိပ်လိုက်ရင်ပဲ အဲဒီ Security Shield Virus က Automatic install လုပ်ပြီးသားဖြစ်သွားတော့တာပါပဲ....အဲဒီကစပြီး ကွန်ပြူတာမှာ ဗိုင်းရပ်စ်ရှိကြောင်း တတ်နေတော့ပါပဲ... အတော်ခက်တဲ့အရာပါ...သူ့ ကို သတ်ဖို့အတွက် ဒီလို အစဉ်အတိုင်းလုပ်သွားလိုက်ပါ..
၁- ပထမဆုံး အခုဖော်ပြမဲ့ ညွန်ကြားချက်တွေကို နုတ်ပတ် ထဲကို ကော်ပီ ကူးပြီး သိမ်းထားပါ ဒါမှမဟုတ် ပရင့်ထုတ်ထားပါ ဒါမှမဟုတ် တခြားစက်တစ်လုံးကို အသုံြး ပုပါ Security Shield Virus ကို Remove လုပ်ရန် ဖွင့်ထားတဲ့ ၀င်းဒိုး အားလုံးကို ပိတ်ထားလိုက်ပါ

၂- Security Shield Virus Removal Tool ကို ဒေါင်းလုပ်ချရမှာဖြစ်ပါတယ် ဗိုင်းရပ်စ်ဝင်ထားသော စက်နဲ့ ဒေါင်းလုပ်ဆွဲလို့  မရနိုင်ပါဘူး အခြားစက်တစ်လုံးနဲ့  ဒေါင်းလုပ်ဆွဲပါပြီး CD , VCD , ဒါမှမဟုတ် USB stick ထဲကို ရွေ့ ပြီး ဗိုင်း၇ပ်စ်ဝင်ထားတဲ့ စက်ကို ထိုးလိုက်ပါ Security Shield Virus Tool ကို Desktop ပေါ်မှာ ကော်ပီ ကူးထားလိုက်ပါ Security Shield Virus Tool ကို ဒီမှာ ယူပါ

၃- Rkill.com application ကိုဒေါင်းလုပ်ချပါ ဒီကို နှိပ်ပါ ဒေါင်းပြီးရင် Desktop ပေါ်မှာ သိမ့်ထားပါ

၎ - ပြီးရင် Rkill.com application ပေါ်ကို နှစ်ချက်ဆက်နှိပ်ပါ (Double click) Security Shield Virus Process ကို အဆုံးသတ်နေပါလိမ့်မယ် အချိန်အနည်းငယ်ကြာပါမယ် ပြီးရင် သူ့ အလိုလို ပိတ်သွားပါလိမ့်မယ် Rkill.com ဟာ ဗိုင်းရပ်စ်ဖြစ်တယ်လို့ သတိပေးတတ်လာပါလိမ့်မယ် တကယ်တော့ သူက ဟန်ဆောင်တာပါ- အဲဒါကို ဂရုစိုက်မနေပါနဲ့ ဗိုင်းရပ်စ် သတ်တာ အောင်မြင်ပြည့်စုံသည်အထိ Run ထားလိုက်ပါ တကယ်လို့ Rkill.com run တာ ရပ်မသွားဘူးဆိုရင် eXplorer.exe (သို့) iExplore.exe, ကို ဒေါင်းလုပ်ဆွဲပါ အဲဒီနှစ်ခုက အတူတူပါပဲ တစ်ခုထဲဆွဲရင် အစဉ်ပြေပါတယ် လိုအပ်ရင် အကောင့်တစ်ခုဖွင့်ပြီး ဆွဲလိုက်ပါ ၀င်းဒိုးကိုRestar မချပစ်ပါနဲ့ ဗျာ ပြန်ပီးတော့ Security Shield Virus ၀င်လာနိုင်ပါတယ်

၅ - Malwarebytes’s Anti-Malware application ကို ဒေါင်းလုပ်ချပါ ဒီမှာ ဒေါင်းပါ

၆ - ဒေါင်းလုပ်ချပြီးရင် ဖွင့်ထားတဲ့ Windows တွေ Application တွေ အကုန်ပိတ်ပစ်လိုက်ပါ

၇ - Malwarebytes’s Anti-Malware application ပေါ်မှာ Double click နှိပ်ပြီး Install မောင်းလိုက်ပါ ပြီးရင် Full Scan နဲ့  ကွန်ပြူတာ တစ်ခုလုံးကို စစ်လိုက်ပါ အချိန်နည်းနည်း ကြာပါလိမ့်မယ်

ဂ - ပြီးတဲ့အခါ Successful Scan ဆိုတဲ့ ဘောက်စ် ပေါ်လာပါလိမ့်မယ် OK ပေးလိုက်ပါ... Result Show ပြပါလိမ့်မယ် Remove Selected ကိုနှိပ်ပြီး ရှင်းပစ်လိုက်ပါ...Restart ချမှာလားမေးရင် ချလိုက်ပါ အဲဒါမှ စက်ထဲမှာရှိတဲ့ malware တွေ Trojan တွေ Virus တွေ ရှင်းသွားမှာပါ...
Alright !
CHEER !

No comments:

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ