ဒဏ်ရာတွေ ဗလဗွနဲ့
ခြေချစရာ မရှိလောက်အောင်
ကြေမွနေတာတောင်မှ
အချစ်တစ်ခုကို မျှော်လင့်နေဆဲပါပဲ
ရုးသွပ်မှုတွေထဲက အမိုက်မဲဆုံးဆန္ဒတစ်ခုပေါ့...
** မပိုင်ဆိုင်ရလည်း ချစ်တယ်
စွန့်ပယ်သွားခဲ့လည်း ချစ်တယ်
ဘယ်လောက်ထိချစ်သလဲဆိုရင်
နောက်ဆုံးထွက်သက်ထိပေါ့
ဘာတစ်ခုမှမရလည်း ချစ်တယ်
အရာအားလုံးကို ခွင့်လွတ်တယ်ဆိုပေမယ့်
စာနာတတ်တဲ့ ခံစားမှုနဲ့
ညှာတာငဲ့ကွက်မလားလို့
အားကိုးမျှော်ငေး
အလွမ်းတေးတွေဆိုရတာလည်း
ညပေါင်းများစွာပေါ့...
** ကြေကွဲအပြုံးတွေနဲ့
လွမ်းဆွေးလို့ ကျခဲ့ရတဲ့မျက်ရည်တွေ
သူသိတာလည်းရှိမယ် သူမသိတာလည်းရှိမယ်
တကယ်ဆိုရင်..
မင်းဟာကိုယ့်အပေါ်မှာ
အရက်စက်တတ်ဆုံး မိန်းကလေးတစ်ယောက်လား ?
စိတ်နာဖို့ကောင်းခဲ့ပေမယ့်
မနာနိုင်ခဲ့ဘူး မမုန်းနိုင်ခဲ့ဘူး
မမေ့နိုင်ခဲ့ဘူး မိန်ကလေးရယ်...
** မိန်းကလေး - - -
မင်း ကိုယ့်ကို စွန့်ပယ်သွားခဲ့တာဟာ
ကိုယ့်ရဲ့အားနည်းချက်ကြောင့်လား ?
ဒါမှမဟုတ်..
ကံကြမ္မာရဲ့ ရိုးမယ်ဖွဲ့မှုကြောင့်လား ?
ပတ်သက်ခဲ့သမျှဟာ
အိပ်မက်တစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်
အခုအချိန်မှာတော့
မင်းပေးခဲ့တဲ့ အလွမ်းတွေနဲ့
အထီးကျန်ဘ၀ပါ..
ခံစားချက်များစွာနဲ့
နေ့ရက်တွေကို ကျော်ဖြတ်ရင်း
နေရစ်ခဲ့မယ် မိန်းကလေးရယ်...
** ချစ်ခြင်းရဲ့ အခြားတစ်ဘက်မှာ
လွမ်းဆွေးခြင်း,ကြေကွဲဝမ်းနည်းခြင်းတွေ ရှိနေခဲ့တယ်ဆိုတာ
ကြိုတင်သိနေမိပါရဲ့ မိန်းကလေးရယ်...
** ချစ်ခြင်းမေတ္တာရဲ့နောက်ကွယ်မှာ
အမုန်းစကားတွေ ရှိခဲ့မယ်ဆိုရင်တော့
ပြန်ဆုံခွင့်ဆိုတဲ့ ရလာဒ်အတွက်
တစ်နေ့တစ်ချိန်ချိန်မှာဆိုတဲ့ အတွေးတစ်စကို
ရင်ထဲမှာ အမြဲသိမ်းထားလိုက်ပါပြီ နော်...မိန်းကလေးရယ်.... ။
10 - 8 - 2011