Wednesday, September 14, 2011

ဝင်းဒိုးအတတ်မြန်အောင်

တစ်ချို့ ကွန်ပြူတာတွေဟာ ဖွင့်လိုက်တာနဲ့ ဝင်းဒိုး တန်းတတ်မလာပဲ အကြာကြီး စောင့်နေရတတ်တယ် မလိုအပ်တဲ့ ဆော့ဖ်ဝဲတွေ Run နေတတ်တယ် .. ဆော့ဖ်ဝဲလ်ဆိုတာ လိုအပ်မှ ဖွင့်သုံးတော့ ပိုမကောင်းဘူးလားဗျာ မလိုအပ်ဘဲ ၀င်းဒိုး စတတ် လာတာနဲ့  Run နေမယ်ဆိုရင် စက်လေးတယ် သုံးဖို့  စောင့်ရတာ ကြာတယ် သူငယ်ချင်းတို့ တော့ ဘယ်လိုနေလဲ မသိဘူး ကျွန်တော်ကတော့ စိတ်မရှည်ဘူး..သူငယ်ချင်းတွေလဲ စိတ်ရှည်မယ်မထင်ပါဘူးဗျာ :P ကျွန်တော့်လိုပဲ စိတ်မရှည်တဲ့ သူငယ်ချင်းတွေ ဒီလိုလုပ်လိုက်ပါ


1. Windows key+R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ
2. Run Box ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး Ok နှိပ်ပါ
3. System Configuration Box ကျလာရင် Startup Tab ကိုနှိပ်လိုက်ပါ
4. ၀င်းဒိုး စတတ်လာတာနဲ့  မပေါ်စေချင်တဲ့ ဆော့ဝဲလ်တွေကို အမှန်ခြစ်ဖြုတ်ပေးပါ ..တကယ်လို့ တစ်ခုမှ Windows စတာနဲ့  မ Run စေချင်ဘူး ဆိုရင် အောက်နားက Disable all ဆိုတဲ့ စာတန်းကို နှိပ်ပြီး Apply ကိုနှိပ်ပါ ပြီးရင် အိုကေ နှိပ်ပါ
5. System Configuration Box လေး ကျရင်လာရင် Restart ကိုနှိပ်လိုက်ပါ.. ၀င်းဒိုး ပြန်တတ်လာတဲ့အခါ မြန်နေတာကို တွေ့ ရပါ့မယ်..

No comments:

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ