Wednesday, September 14, 2011
CHWE-WGA v 0.9 Windows 7 Activator
Windows 7 Genuine ဖြစ်ရင် ဒီလိုလုပ်လိုက်ပါ
၁ ၊ CW ကို ဒေါင်းပါ ။
၂ ၊ Win.RAR ဖြည်ပါ ၊
၃ ၊ Run လိုက်ပါ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်
Apply ကိုနှိပ်ပါ
အောက်ပါအတိုင်းပေါ်လာရင်
yes ကိုနှိပ်လိုက်ပါ
ခဏစောင့်ပါ အားလုံး ပြီးတာနဲ့ စက်က သူ့ ဟာသူ Restart လုပ်သွားပါလိမ့်မယ် Windows ပြန်တက်လာတာနဲ့  ပုံမှန်ပြန်ဖြစ်သွားပါပြီ ခင်ဗျာ ..
Windows XP Genuine
တစ်ခါ တစ်ခါ ကျွန်တော်တို့ ဝင်းဒိုး တွေဟာ လိုင်စင်ကုန်သွားတတ်တယ်... အဲလို လိုင်စင် ကုန်သွားရင် ဘယ်လိုတွေ ဖြစ်လာတတ်သလဲ ဆိုရင် .. မိမိကွန်ပြူတာ Screen တစ်ခုလုံး မဲလာခြင်း ၊ Wall Paper ဘယ်လိုပြောင်းပြောင်း ကြာရှည်စွာ မခံခြင်း ၊ နောက်ပြီး မိမိကွန်ပြူတာရဲ့ ညာဘက်အောက်ခြေ Task Bar မှာ This copy of Windows is not Genuine ဆိုတဲ့ စာတန်းလေး ပေါ်လာခြင်း စတဲ့ အချက်အလက်တွေ ဖြစ်လာမယ်ဆိုရင် ကျိန်းသေပါပြီ.. Windows လိုင်စင်ကုန်တာပါ.. အဲဒါကို ၀င်းဒိုးအမှန်ပြန်ဖြစ်ဖို့ လုပ်ရပါမယ် ... အဲဒီလိုလုပ်ဖို့ အတွက် ပထမဆုံး အောက်မှာပေးထားတဲ့ Windows XP Genuine.reg ကို ဒေါင်းလိုက်ပါ... ရလာပြီဆိုရင် Double Click နှိပ်ဖွင့်လိုက်ပါ .. ပြီးရင် Windows ကို Restart ချပေးလိုက်ပါ ပြန်တတ်လာတာနဲ့ ဝင်းဒိုး ပုံမှန် ပြန်ဖြစ်လာတာကို တွေ့ ရပါမယ်..
Windows XP SP2 ရော SP3 ရော ရပါတယ်... အဆင်ပြေကြပါစေ....
Windows XP SP2 ရော SP3 ရော ရပါတယ်... အဆင်ပြေကြပါစေ....
Windows 7 ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနည်း
ဝင်းဒိုး ဆဲဗင်း အသုံးပြုနည်း အသေးစိတ် ရေးသားထားတဲ့ စာအုပ်လေးပါ လေ့လာချင်တဲ့ ရောင်းရင်းများ အောက်မှာ ဒေါင်းလိုက်ပါ..
Gtalk auto reply
ကဲ သူငယ်ချင်းတွေနဲ့  မတွေ့ ရတာ အတော်ကြာနေပြီနော် ဒီတစ်ခါတော့ Gtalk auto reply လေးအကြောင်းနဲနဲ ပြောပြပါ့မယ် မိမိက အလုပ်တွေ အရမ်းများနေလို့  ပြန်မဖြေနိုင်တဲ့အခါမျိုး ၊ ကိုယ့် PC နဲ့ အဝေးကို ရောက်နေတဲ့ အခါမျိုးတို့ မှာ အသုံးတည့်ပါတယ် ဒီဆော့ဖ်ဝဲလ်လေးက အလိုလို ဖြေကြားပေးပါလိမ့်မယ်ခင်ဗျာ..
၁ ၊ မိမိအသုံးပြုမဲ့ ဂျီတော့ ယူဆာနိမ်းကို ထည့်ပါ
၂ ၊ ပတ်စ်ဝတ်ဖြည့်ပါ
၃ ၊ မတ်ဆေ့ခ်ျမှာ မိမိပြောချင်တဲ့ စကားကို ရိုက်ထည့်ပါ
၎ ၊ Save and Enable Autorply ကိုနှိပ်ပါ .. ဒါဆိုရင် ရပါပြီဗျာ .. တကယ်လို့ ကိုယ်က မြန်မာဖောင့် သုံးချင်တယ်ဆိုရင်လဲ သုံးလို့ ရပါတယ် ဒါပေမဲ့ စာရိုက်တဲ့ အခါ လေးဒေါင့်ကွက်လေးတွေပဲ မြင်ရပါ့မယ် တဖက်လူကို ပြန်ဖြေတဲ့အခါမှာတော့ တဖက်လူက မြန်မာဖောင့်ကို ဖတ်လို့ ရပါတယ်ဗျာ..မြန်မာဖောင့် သုံးရင် အောက်က ပုံစံမျိုးပေါ်ပါလိမ့်မယ် ..

လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းပါ
ဝင်းဒိုးအတတ်မြန်အောင်
တစ်ချို့ ကွန်ပြူတာတွေဟာ ဖွင့်လိုက်တာနဲ့ ဝင်းဒိုး တန်းတတ်မလာပဲ အကြာကြီး စောင့်နေရတတ်တယ် မလိုအပ်တဲ့ ဆော့ဖ်ဝဲတွေ Run နေတတ်တယ် .. ဆော့ဖ်ဝဲလ်ဆိုတာ လိုအပ်မှ ဖွင့်သုံးတော့ ပိုမကောင်းဘူးလားဗျာ မလိုအပ်ဘဲ ၀င်းဒိုး စတတ် လာတာနဲ့  Run နေမယ်ဆိုရင် စက်လေးတယ် သုံးဖို့  စောင့်ရတာ ကြာတယ် သူငယ်ချင်းတို့ တော့ ဘယ်လိုနေလဲ မသိဘူး ကျွန်တော်ကတော့ စိတ်မရှည်ဘူး..သူငယ်ချင်းတွေလဲ စိတ်ရှည်မယ်မထင်ပါဘူးဗျာ :P ကျွန်တော့်လိုပဲ စိတ်မရှည်တဲ့ သူငယ်ချင်းတွေ ဒီလိုလုပ်လိုက်ပါ
1. Windows key+R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ
2. Run Box ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး Ok နှိပ်ပါ
3. System Configuration Box ကျလာရင် Startup Tab ကိုနှိပ်လိုက်ပါ
4. ၀င်းဒိုး စတတ်လာတာနဲ့  မပေါ်စေချင်တဲ့ ဆော့ဝဲလ်တွေကို အမှန်ခြစ်ဖြုတ်ပေးပါ ..တကယ်လို့ တစ်ခုမှ Windows စတာနဲ့  မ Run စေချင်ဘူး ဆိုရင် အောက်နားက Disable all ဆိုတဲ့ စာတန်းကို နှိပ်ပြီး Apply ကိုနှိပ်ပါ ပြီးရင် အိုကေ နှိပ်ပါ
5. System Configuration Box လေး ကျရင်လာရင် Restart ကိုနှိပ်လိုက်ပါ.. ၀င်းဒိုး ပြန်တတ်လာတဲ့အခါ မြန်နေတာကို တွေ့ ရပါ့မယ်..

Teach yourself the best technology and repairing pcs( By U Aye Ko Ko)
Tuesday, September 13, 2011
ဝင်းဒိုးတင်နည်း
ဝင်းဒိုးကို ကိုယ်တိုင် ကိုယ်ကျ တင်တတ်ချင်သူများအတွက် Windows Installation Manual Ebook လေး ပါ .. Windows XP ကို အသေးစိတ် တင်ပြထားတဲ့ စာအုပ်လေးပါ .. လိုအပ်တဲ့ သူငယ်ချင်းများ ထုံစံအတိုင်း အောက်မှာ ဒေါင်းပါ
BUILDING WEBSITE STEP BY STEP WITH JOOMLA
ဝဘ်ဆိုက်ကိုယ်တိုင်ရေးချင်သူများအတွက်.. Building Website Step By Step With Joomla စာအုပ်လေးပါ ပုံတွေနဲ့ အသေးစိတ် ရှင်းပြထားပါတယ် လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းပါ..
Internet Explorer မှာ မြန်မာစာ မမြင်ရရင် ဒီလိုလုပ်ပါ..
မြန်မာပြည်က ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပါ Gmail ထဲမှာ မြန်မာစာတွေ မမြင်ရဘူး ကူညီပါဦး လို့ ပြောလို့  ကျွန်တော် ပြောပြခဲ့ပါတယ်.. ဘာ Browser သုံးတာလဲ မေးတော့ Mozilla Firefox မသုံးဘူး Internet Explorer ပဲ သုံးတယ် တဲ့ ဒါကတော့ ဗျာ လွယ်ပါတယ် ဒီလို ဒီလို လုပ်လိုက်ပါလို့  ပြောလိုက်တော့ လုပ်တယ် .. အစဉ်ပြေသွားတယ် ကျွန်တော့် သူငယ်ချင်းလိုပဲ အခက်အခဲ ရှိတဲ့ သူငယ်ချင်းတွေ အတွက်ပါ IE Browser ထဲမှာ မြန်မာစာ မမြင်ရတဲ့ သူငယ်ချင်းများ အောက်မှာပေးထားတဲ့ IE.reg လေးကို ဒေါင်းလိုက်ပါ ပြီးရင်တော့ IE.reg လေးကို Double Click နှိပ်လိုက်ပါ yes or no မေးလာရင် Yes ပေးလိုက်ပါ ..Gmail ထဲမှာ မြန်မာစာ မြင်လာရပါလိမ့်မယ်... အောက်မှာ ဒေါင်းပါ...
Subscribe to:
Posts (Atom)