Saturday, December 19, 2009

ချစ်သူ သိပါစေ ................

ချစ်သူ အနားမှာ ရှိစဉ်က အရေးမထား
ချစ်သူ အနားမှာ ရှိစဉ်က ဂရုမစိုက်ချင်ယောင် ဆောင်ခဲ့တာ
အခု ကိုယ်နာကျင်မူတွေကိုခံစားနေရပြီ.....
အဲဒါက မင်းရဲ့ ကျိန်စာမူတွေပဲလား
သတိရတိုင်း ကိုယ်နားထောင်ဖြစ်တဲ့ သီချင်းတွေက
အထပ်ထပ်အခ်ါခါ ဖြစ်လို့ အော်ညီးနေပြီ
သူကို အနားပေးပါတော့တဲ့.......
သတိရတိုင်း ကောင်းကင်ကြီးကို တိုင်တည်တာ
ကောင်းကင်ကြီးကလဲ ကိုယ်ကိုသနားလို့နေပြီ
ကိုယ်ရဲ့ အဖြစ်တွေကို ချစ်သူ မင်းသိပါစေလို့
တိုင်တည် ဆုတောင်းပါတယ်



ခေတ်သစ်စာဆိုရှင် ယံကလေး

ကောင်းကင်ငိုသံ.....!!!!

သူငယ်ချင်း သံယောဇဉ်ဆိုတာ
လေးနက် မစဉ်းစားခဲ့ပါ
သူကောင်းရင် ကိုယ်ကောင်းမယ်
သူမဲ့ရင်ကိုယ်မဲ့မယ်လို့ပဲ
ဟိုအရင် ငယ်ဘ၀က ထင်ခဲ့မိတယ်
အချိန်ကြာ တကယ်တမ်းမှာတော့
ရင်နစ်အောင် ကြည်နူးခဲ့ပါတယ်
သူငယ်ချင်း.......
မင်းနဲ့ တွေ့ဆုံခွင့်ရတဲ့ ကိုယ်ကံကြမ္မာကို
ကျေးဇူးတင်မိတယ်
သံယောဇဉ်မရှိတဲ့ ငါကို
သံယောဇဉ်ထားတတ်အောင်
သင်ပေးခဲ့တယ်
အလှမဲ့တဲ့ ငါဘ၀ကို အလှဆင်ပေးခဲ့တယ်
ရပ်တည်နိုင်စွမ်းမရှိတဲ့ ငါဘ၀ကို လက်ကမ်းကြိုခဲ့တယ်
ကျေးဇူးပါ သူငယ်ချင်း...........
ငါ ရင်ထဲက ကြည်နူးငိုကြွေးမူ အသံနဲ့အတူ
မင်းကိုပြောချင်တယ် စကားတစ်ခွန်းကတော့
ထာဝရအတွက် ကျေးဇူတင်တယ် သူငယ်ချင်း....
လိုအပ်လို့ မင်း ငါကိုတောင်းဆိုခဲ့ရင်တောင်
ငါ နှလုံးသားကို ပေးအပ်မှာပါ သူငယ်ချင်း.....



ခေတ်သစ်စာဆို ယံကလေး

Thursday, December 17, 2009

ပုံလှလှလေးတွေနဲ့ မေးလ်ပို့ချင်ရင် incredimail_install.exe

သူငယ်ချင်းအားလုံးအတွက်မျှဝေပါတယ် ဒီဆော့ဝဲလ်လေးကတော့ incredimail_install.exe ဆိုတဲ့ ဆော့ဝဲလ်ပါ ဒီဆော့ဝဲလ်လေးကတော့ နောက်ခံ background လှလှလေးတွေ animation ပုံလှလှတွေ ထည့်ပြီးမေးလ်ပို့နိုင်သလို လိုအပ်သလောက် နောက်ခံပုံတွေကိုလဲ ယူလို့ရပါသေးတယ် သီချင်းလေးးတွေရော နောက်မိမိရဲ့ sign လှလှလေးတွေ ထိုးပီးတော့လဲ ပို့နိုင်ပါတယ် ဒီဆော့ဝဲလ်လေးကို သုံးပီးမေးလ်ပို့ရတာ အ၇မ်းပျော်ဖို့ကောင်းတယ် သူငယ်ချင်းအားလုံးကို မျှဝေပါတယ်နော် ပျော်ရွှင်စွာ စမ်းသပ်ပို့ဆောင်နိုင်ပါစေနော် သူငယ်ချင်းတွေ အားလုံးလိုအပ်လိမ့်မယ်ထင်ပါတယ် သူငယ်ချင်းတွေအတွက် အောက်နားမှာ တင်ပေးလိုက်ပါတယ် သွားဆွဲလိုက်နော်



  • ဒီမှာ
  • ဆွဲလိုက်ပါ

    Friday, December 11, 2009

    မေးလ်အားလုံးကို အကောင့်တစ်ခုထဲကနေ စစ်ကြရအောင်

    သူငယ်ချင်းရေ ခုပြောပြမဲ့နည်းလေးက သိတဲ့သူအတွက်တော့ လွယ်တယ်နော် မသိတဲ့ သူအတွက်ကြတော့ အရမ်းခက်ခဲတဲ့အရာဖြစ်နေတတ်တယ် မသိသေးတဲ့ ညီနောင်များအတွက်ပါ သူငယ်ချင်းတို့မှာ မေးလ်အကောင့်တွေ အများကြီးရှိကြမှာပေါ့နော် တစ်ချို့ဆို အကောင့်ကို သုံးလေးဆယ်ဖွင့်သုံးသတဲ့ မျက်လုံးတောင်ပြူးချင်စရာနော် ဘယ်လောက်ပဲအကောင့်တွေများနေပါစေ မေလ်းအားလုံးကို အကောင့်တစ်ခုထဲကနေ စစ်ရင် ပိုမြန်တာပေါ့ အချိန်လဲကုန်တော့ဘူးနော် အဲဒီတော့ ဒီလိုလုပ်ဗျာပထမဆုံး မေလ်းထဲဝင် ပြီး Setting ထဲဝင်ပါ

    အဲထဲက Accounts and import ဆိုတာကိုအရင်နှိပ်ပါ နောက်က အောက်နားက Check mail using pop3:ဘေးနားက Add pop3 email Account ဆိုတဲ့ ဘောက်စ်လေးထဲကိုနှိပ်လိုက်ပီးပေါ်လာတဲ့ ဘောက်စ်ထဲမှာ ကိုယ်ပေါင်းထည့်ချင်တဲ့ အီးမေးလ်အကောင့်ကို
    ပေါင်းထည့်ပါ ပြီးရင် add Account ကိုနှိပ်ပေါ့ နောက်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ User name ရယ် Password ရယ်ကို ရိုက်ပါ Archive incoming messages (Skip the Inbox) ထဲကိုအမှန်ခြစ်ပေးခဲ့ပါ level ခွဲသိမ်းရအောင်လို့ပါ အဲလိုလုပ်ထားတော့ မေးလ်တွေ မရှုပ်တော့ပဲ သပ်သပ်ရပ်ရပ်နဲ့ စစ်လို့ရတာပေါ့ ပြီးရင် Next ပေါ့ အိုကေ လွယ်ပါတယ်ဗျာ လုပ်လိုက်ကြပါ အစဉ်ပြေနိုင်ကြပါစေနော်

    Wednesday, December 9, 2009

    format မျိုးစုံပြောင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ

    ခုပြောမဲ့ဆော့ဝဲလေးကတော့ Format Factory 1.70 ပါ Format အတော်များများကို ပြောင်းလို့ရပါတယ်ဗျာ ဆော့ဝဲလေးကို ဒေါင်းပီး install လုပ်ရုံပါပဲ သုံးနည်းကတော့ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားတယ်နော်

    (၁) ပထမဆုံးအနေနဲ့ format factory ကိုဖွင့်လိုက်ပြီး ကိုပြောင်းချင်တဲ့ format ကိုရွေးပါ


    (၂) add ကိုနှိပ်ပြီး ကို convert လုပ်ချင်တဲ့ ဖိုင်ကို ရွေးပြီး (၃)0k နှိပ်ပါ



    (၄) start ကိုနှိပ်ပါ (၅)Convert လုပ်တာပြီးသည့်အထိ စောင့်ပါ (၆) ပြီးရင် ကိုယ် Convert လုပ်ထားသော Music video စတာတွေကို output folder ထဲကိုသွားကြည့်နိုင်ပါတယ်




    လိုအပ်ရင် အောက်နားမှာ ဒေါင်းဗျာ


    downloadhear

    အင်္ဂလိပ်မြန်မာ Dictionary လေးပါ

    ဒါလေးကတော့ ပညာရေးအထောက်အကူပြု English-Myanmar Dictionary software လေးပါ လိုချင်တယ်ဆိုရင်တော့
    အောက်မှာဒေါင်းလိုက်ပါ

    mediafire .

    Gtalk မှာလှလှလေးတွေထည့်သွင်းချက်ချင်ရင်

    Gtalk ကိုစိတ်ကြိုက် smile picture လေးတွေ ထည့်ချက်ချင်တဲ့သူငယ်ချင်းများအတွက်ပါ အရမ်းကို လန်းတယ်ဗျာ ပုံလေးတွေ အများကြီးပါ ဒီဆော့ဝဲလ်လေးကို ဒေါင်းပီး သုံးကြည့်လိုက်တော့နော် သုံးနည်းကတော့ လွယ်ပါတယ်ဗျာနော် လိုချင်တဲ့ ညီနောင်များ ဒီမှာ download ယူပါ


    တိုက်ရင် မူရင်းဆိုက်ကနေ ဆွဲချင်တယ် ဆိုရင်တော့
    ဒီမှာနော်

    Tuesday, December 8, 2009

    chat အားလုံးကို တနေရာထဲကနေချက်မယ်

    သူငယ်ချင်းတို့ရေ ဒီတစ်ခါ ဆော့ဝဲလ်လေးတစ်ခုကိုပြောမယ်နော် အဲဒါလေးက Pidgin software ဖြစ်ပါတယ် ဒီကောင်လေးဟာ gmail.hotmail. yahoo mail. အစရှိတဲ့ မေးလ်ပေါင်းစုံသုံးလို့ရတဲ့ ဆော့ဝဲလ်လေးပါကိုယ့်မှာ yahoo account စတာတွေသုံးတဲ့သူငယ်ချင်းရှိရင် ဒီဆော့ဝဲလ်လေးကိုမောင်းပြီးထည့်ချက်ရင် အစဉ်ပြေတာပေါ့ net work အားလုံးကို ထည့်ချက်နိုင်ပါတယ်နော် လိုချင်တယ်ဆိုရင်တော့ ဒီမှာ သွားဒေါင်းဗျာ
    ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ