သူငယ်ချင်းရေ ခုပြောပြမဲ့နည်းလေးက သိတဲ့သူအတွက်တော့ လွယ်တယ်နော် မသိတဲ့ သူအတွက်ကြတော့ အရမ်းခက်ခဲတဲ့အရာဖြစ်နေတတ်တယ် မသိသေးတဲ့ ညီနောင်များအတွက်ပါ သူငယ်ချင်းတို့မှာ မေးလ်အကောင့်တွေ အများကြီးရှိကြမှာပေါ့နော် တစ်ချို့ဆို အကောင့်ကို သုံးလေးဆယ်ဖွင့်သုံးသတဲ့ မျက်လုံးတောင်ပြူးချင်စရာနော် ဘယ်လောက်ပဲအကောင့်တွေများနေပါစေ မေလ်းအားလုံးကို အကောင့်တစ်ခုထဲကနေ စစ်ရင် ပိုမြန်တာပေါ့ အချိန်လဲကုန်တော့ဘူးနော် အဲဒီတော့ ဒီလိုလုပ်ဗျာပထမဆုံး မေလ်းထဲဝင် ပြီး Setting ထဲဝင်ပါ
အဲထဲက Accounts and import ဆိုတာကိုအရင်နှိပ်ပါ နောက်က အောက်နားက Check mail using pop3:ဘေးနားက Add pop3 email Account ဆိုတဲ့ ဘောက်စ်လေးထဲကိုနှိပ်လိုက်ပီးပေါ်လာတဲ့ ဘောက်စ်ထဲမှာ ကိုယ်ပေါင်းထည့်ချင်တဲ့ အီးမေးလ်အကောင့်ကို
ပေါင်းထည့်ပါ ပြီးရင် add Account ကိုနှိပ်ပေါ့ နောက်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ User name ရယ် Password ရယ်ကို ရိုက်ပါ Archive incoming messages (Skip the Inbox) ထဲကိုအမှန်ခြစ်ပေးခဲ့ပါ level ခွဲသိမ်းရအောင်လို့ပါ အဲလိုလုပ်ထားတော့ မေးလ်တွေ မရှုပ်တော့ပဲ သပ်သပ်ရပ်ရပ်နဲ့ စစ်လို့ရတာပေါ့ ပြီးရင် Next ပေါ့ အိုကေ လွယ်ပါတယ်ဗျာ လုပ်လိုက်ကြပါ အစဉ်ပြေနိုင်ကြပါစေနော်
No comments:
Post a Comment