Saturday, December 19, 2009

ကောင်းကင်ငိုသံ.....!!!!

သူငယ်ချင်း သံယောဇဉ်ဆိုတာ
လေးနက် မစဉ်းစားခဲ့ပါ
သူကောင်းရင် ကိုယ်ကောင်းမယ်
သူမဲ့ရင်ကိုယ်မဲ့မယ်လို့ပဲ
ဟိုအရင် ငယ်ဘ၀က ထင်ခဲ့မိတယ်
အချိန်ကြာ တကယ်တမ်းမှာတော့
ရင်နစ်အောင် ကြည်နူးခဲ့ပါတယ်
သူငယ်ချင်း.......
မင်းနဲ့ တွေ့ဆုံခွင့်ရတဲ့ ကိုယ်ကံကြမ္မာကို
ကျေးဇူးတင်မိတယ်
သံယောဇဉ်မရှိတဲ့ ငါကို
သံယောဇဉ်ထားတတ်အောင်
သင်ပေးခဲ့တယ်
အလှမဲ့တဲ့ ငါဘ၀ကို အလှဆင်ပေးခဲ့တယ်
ရပ်တည်နိုင်စွမ်းမရှိတဲ့ ငါဘ၀ကို လက်ကမ်းကြိုခဲ့တယ်
ကျေးဇူးပါ သူငယ်ချင်း...........
ငါ ရင်ထဲက ကြည်နူးငိုကြွေးမူ အသံနဲ့အတူ
မင်းကိုပြောချင်တယ် စကားတစ်ခွန်းကတော့
ထာဝရအတွက် ကျေးဇူတင်တယ် သူငယ်ချင်း....
လိုအပ်လို့ မင်း ငါကိုတောင်းဆိုခဲ့ရင်တောင်
ငါ နှလုံးသားကို ပေးအပ်မှာပါ သူငယ်ချင်း.....



ခေတ်သစ်စာဆို ယံကလေး

No comments:

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ