Tuesday, February 2, 2010

ဒုက္ခ

အင်း ပို့စ်မတင်ဖြစ်တာ ကြာခဲ့ပီပဲ အလုပ်တွေကလဲအရမ်းများနေလို့ဗျာ (တနေ့တနေ့အိပ်ရတဲ့လုပ်ငန်းက တစ်ဒုက္ခ စားရတဲ့လုပ်ငန်းကလဲ တစ်ဒုက္ခ ဟိဟိ) မစားပဲ တစ်သတ်လုံးနေနိုင်ရင် ဘယ်လောက်ကောင်းမလဲနော် ဟဲဟဲ စာရေးချင်တဲ့စိတ်ကတော့ ဖြစ်နေပါတယ် ဒါပေမဲ့ ကျွန်တော်က စာရေးအကျင့်မရှိတော့ ဘယ်ကစရေးရမှန်းမသိဘူး ဖြစ်နေတယ် ဒီနေ့တော့ ဖြစ်ချင်ရာဖြစ် စိတ်ထဲပေါ်တာရေးမယ်ဆိုပီး ၀င်လာလိုက်တာ ကွန်နရှင်နတ်ဆိုးက ကြိုတင်တားဆီးနေလေတော့ အော် ပို့စ် တင်ရတာလဲ တစ်ဒုက္ခပါလားနော်........လို့တောင် စိတ်ထဲက ညီးညူမိတယ်ထင့်ပ ဘာပဲဖြစ်ဖြစ်ဗျာ နတ်ဆိုးကို တွန်းလှန်ရင်း အန်တုပီး ပို့စ်မရရအောင်တင်နေမိတယ်ဗျ တွေ့သမျှကဒုက္ခတွေနဲ့ ချည်းပက်ပင်းတိုးနေတော့တာပဲ အော် သူများနိုင်ငံမှာနေရတာ မြန်မာနိုင်ငံထက်သာပေမဲ့ ဗီဇာသက်တမ်းတိုးရတာတို့ သုံးလတစ်ကြိမ်ပြရတာတို့ ကြုံရပြန်တော့ အော် ဒါလဲ ဒုက္ခပါလားနော် .............ကျောင်းတတ်တဲ့ရက် တက္ကသိုလ်ကအဆောင်မှာနေရပြန်တော့ ကွန်နရှင်က low နေတော့ အင်တာနက်သုံးရတာ အစဉ်မပြေ သွားပြောတော့လဲ လာတော့လုပ်ပေးပါရဲ့ သူကွန်ရှင် speed က လိပ်များကွန်နရှင် ဆွဲဖို့ ငှါးထားသလားမှတ်ရ နှေးလိုက်တာ လွန်ပါရော..အော် တက္ကသိုလ်အဆောင်မှာ အင်တာနက်သုံးရတာလဲ တစ်ဒုက္ခပါလားနော် ဒုက္ခတော ထဲကမထွက်နိုင်တော့ဘူး ကောင်းရောဗျာ ဒုက္ခအမြစ်ပြတ်အောင် တရားအားထုတ်မယ်ကြံတော့ စိတ်ကူးက လက်မခံသေးဘူး ဘုရားပေးတဲ့တရားဆေးနဲ့ အေးအေးလေးနေရင် suffering လို့ခေါ်တဲ့ ဒုက္ခ အမြတ်ပြတ်နိုင်ကောင်းပါရဲ့ ငါ့စိတ်ကို ငါမထိန်းနိုင်သေးတာကိုက ဒုက္ခပါလားနော် ......ကဲဘယ်လိုလုပ်မလဲ ဒီနေ့တော့ ဒုက္ခအရှုပ်ထုတ် ခြုံပုတ်ထဲက ထွက်နိုင်မယ်မထင်တော့ဘူး ဘာပဲဖြစ်ဖြစ် လက်ရှိဖြစ်နေတဲ့ ကာလလေး ဒုက္ခလို့ ကိုယ်စိတ်က ထင်နေခဲ့ရင် သုခဖြစ်အောင် ဘယ်လိုပြောင်းလဲယူမလဲ ဘယ်လိုညှိယူမလဲ စိတ်အလိုလိုက်ရင်တော့ ငမိုက်သားသွားချင်ရာ သွားဆိုသလိုပဲ go to the hell ပေါ့ ဒီဘ၀မှာလဲ ငရဲ နောက်ဘ၀လဲ ငရဲ ဟဟ တရားဟောသလိုများဖြစ်နေပီလားမသိဘူး ဖြစ်ချင်ရာဖြစ် မောင်ဘချစ် ပဲဗျို့ လက်ကလေးမညောင်းတုန်းဆက်လိုက်ဦးမယ် ကလောင်သွားထက်မထက်တော့မသိဘူး ပေါက်ကရတွေတော့ ထွက်ပါဗျာ နော် ဒုက္ခ ဆိုတဲ့ စကားလုံးကို စာဖတ်သူအနေနဲ့ ဘယ်လိုမှတ်ယူထားသလဲဗျ တကယ်တော့ ဒုက္ခကို အချိန်ကုန်ခံပီး translate လုပ်နေမဲ့အစား ဒုက္ခကို ဘယ်လိုကျော်ဖြတ်မလဲ အဲ ဖြတ်ကျော်မလဲ (ကျော်ပီးမှ ဖြတ်ရင် အစဉ်မပြေဘူးဗျ ဖြတ်ပီးကြော်ရင် ပိုအစဉ်ပြေမယ်ထင်လို့ ) ဖြတ်ကျော်မလဲပေါ့ ဟဲဟဲ ဒုက္ခကို ဆင်းရဲခြင်းလို့ တစ်ချို့က ဘာသာပြန်တယ် ချမ်းသာတာလဲ ဒုက္ခဆိုတာ သူတိုတွေမသိလို့ပါ ချမ်းသာတဲ့ လူတွေလဲ ဆင်းရဲရတာပဲ စိတ်လေ သူလဲ သူအပူနဲ့သူဗျ ဆရာကြီး ဦးမြင်ဆွေရဲ့ စာအုပ်ထဲမှာတော့ ဖတ်ဖူးပါရဲ့ ဒုက္ခကို ဆင်းရဲခြင်းလို့ ဘာသာပြန်နေမဲ့ အစား ဘာသာမပြန်တာပဲကောင်းတယ်တဲ့ ဟုတ်ဘူးလားဗျာ နောက်ဆုံးတော့ ဒုက္ခဟာ ဒုက္ခပါပဲဗျာ

No comments:

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ