ဟိုအရင်ကတည်းက
အကြိမ်ကြိမ်တွေ့သမျှ
အချိန်တွေရွေ့ခဲရပါပြီ
ခဏတာအကြည့်နဲ့
ပီတိသာဖြစ်ခဲ့ရတယ်။
ချစ်တဲ့အရိပ်နိမိတ်တောင်မပြခဲ့ဘူး
နှောင်တွယ်ရစ်ပတ်မချစ်တက်သေးသူမို့
အမူပိုခဲ့ရသူပါကွယ်။
ပကာသန၊ အလှအပ၊ ပညာဂုဏ်
မယှဉ်သာရုံသာမကဘူး
စိတ်ကူးနဲ့တောင်မချစ်ဝံ့
အပြစ်များသင့်လေမလား
အနိမ့်အမြင့်နှစ်ဘ၀မှာ
နင့်ရဲ့ခဏတာအပြုံးနဲ့
တသက်တာရှူံးခဲ့ရပြီ....
တကယ်ဆို
ရိုးသားတဲ့နှလုံးသားတစုံနဲ့
ဟန်ဆောင်ကင်းမဲ့ချစ်ခဲ့ရသူပါ
ဒီလို အသဲထဲကစွဲလန်း
နှလုံးသားထဲကတမ်းတနေပင်မဲ့
လွမ်းရတဲ့ဒီရင်ကိုနင်မမြင်ပါဘူးလေ
ငါနဲ့ပတ်သက်သမျှ
အမှတ်မရတော့ဘူးဆိုတဲ့စကားတခွန်းနဲ့
နင့်နှလုံးသားမှာနားခွင့်မရှိတော့ရင်တောင်
တခါတော့မှားခွင့်ပေးပါဟာ.....
ခေတ်သစ်စာဆိုဝါသနာရှင်
ငယ်လေး
Mt2a
No comments:
Post a Comment