ကျွန်တော်တို့ လူသားတွေဟာ နေ့စဉ်နဲ့အမျှ စားဝတ်နေရေး ကျန်းမာရေး စီးပွားရေး လူမှု့ရေး အစရှိတဲ့လုပ်ငန်းတွေနဲ့ အမြဲတမ်း ရုန်းကန်လုပ်ရှားနေရပါတယ် အဲဒီလို ရုန်းကန်နေရတဲ့ အချိန်တွေမှာ အစဉ်မပြေတာလေးတွေလဲ ကြုံတတ်တာပေါ့ဗျာ လူဆိုတာက လူတစ်ကိုယ် စိတ်တစ်မျိုးစီ ကိုယ်စီကိုယ်စီ ရှိနေလေတော့ ပေါင်းသင်းတဲ့နေရာမှာတော့ အတော် သတိထားစရာတစ်ခုပါပဲ စိတ်ဆိုတာ ဆန်းကြယ်တယ်ဗျ တကယ်တော့ စိတ်ဆိုတာ စိတ္တ ဆိုတဲ့ ပါဠိက ဆင်းသင်လာတာပါ သူ့ရဲ့ meaning ကတော့ ဆန်းကြယ်ခြင်းလို့ပဲ ဖွင့်ဆိုပါတယ် တကယ်တမ်းလဲ စိတ်ဆိုတာ ဆန်းကြယ်နေပါတယ် တစ်နည်းပြောရင် ပါဠိကဆင်းသက်လာတဲ့ အဲဒီစိတ်ဟာ တော်တော် ထိန်းရခက်တယ်ဗျ စိတ်တစ်လုံး အခက်ဆုံး ၊ စိတ်သာရှင်စော ဘုရားဟော အစရှိတဲ့ စိတ်နဲ့ဆိုင်တဲ့ စကားလုံးတွေက မြောက်များစွာ ရှိပါတယ် စိတ်ကောင်းရှိတဲ့လူ ရှိသလို စိတ်ထားညံ့တဲ့ လူလဲ ရှိပါတယ် အဲသလို စိတ်အမျိုးမျိုးရှိနေတဲ့ လောကကြီးထဲက လူတွေနဲ့ ဆက်ဆံတဲ့အခါ မိမိက သူ့တို့တွေ့ရဲ့အကြောင်းကို အကြမ်းဖျင်းတော့ နဲနဲ သိထားဖို့လိုတယ်ဗျာ အဲသလို သိထားမယ်ဆိုရင် သူတို့တွေနဲ့ ပေါင်းသင်းတဲ့အခါ ကိုယ်က တစ်ပန်းသာနေမယ်ဗျာ ခုကျွန်တော်ပြောမှာက သင်နဲ့ ပေါင်းသင်းတဲ့ သင့် သူငယ်ချင်းမိတ်ဆွေတွေကို သင့်ဘက်ပါအောင် လုပ်တဲ့ နည်းလမ်းလေးတွေပါပဲ နည်းလမ်းကတော့ (၁၂ ) နည်းရှိပါတယ်
တစ်ဖက်သားကို မိမိဘက်ပါအောင် လုပ်ဖို့ရန်အတွက် အကောင်းဆုံး နည်းလမ်းကတော့
၁ ။ ငြင်းခုံခြင်းကို ရှောင်ရှားပါ
တဲ့ မှတ်ထားနော် သူငယ်ချင်းတို့လဲ ရှိပြီးသာသူငယ်ချင်းမိတ်ဆွေတွေနဲ့ လမ်းမခွဲခြင်ဘူးဆိုရင်ပေါ့ ဒီအချက်ဟာ အလွန်အရေးပါတယ်နော် တို့တွေအချင်းချင်းငြင်းနေလို့ရော ဘာထူးမှာမို့လဲ သူငယ်ချင်းရာ ဒါလေးကတော့ ဒီလိုတော့ငါ့တော့ကြားဖူးတယ် ငါသိတာလဲမှန်ချင်မှ မှန်မှာပါလေ သူငယ်ချင်းအမြင်လဲ ဒီလိုရှိမှာပေါ့ အစရှိသဖြင့် မငြင်းခုံဘဲ သူဘက်ကိုလဲ လိုက်ကြည့်ပေးတတ်ရမယ်နော် ဥပဒေသ နံပါတ် နှစ်ကတော့
၂ ။ တစ်ဖက်သားရဲ့ အယူအဆကို အလေးဂရုပြုပါ လူတစ်ဖက်သားအား မင်းမှားတယ် လို့ဘယ်တော့မှ မပြောပါနဲ့
တဲ့ တဖက်လူရဲ့ စကားကို အလေးထားရမယ်လို့ဆိုလိုတာပါ လေးလေးစားဆက်ဆံပါ ဂရုစိုက်ပါ မင်းဟာက အမှားကြီးထိပ်ရွက်ထားတာပဲ မင်းကအတော်အယူသီးတဲ့ကောင် အစရှိတဲ့ စကားလုံးတွေနဲ့ ကိုယ့်သူငယ်ချင်းကို မနှိပ်ကွက်လိုက်ပါနဲ့ သူလဲလူပဲလေ ကိုယ်က သူ့ကိုနှိပ်ကွက်ရင် သူကလဲ ကိုယ့်ပြန်ဆော်မှာပေါ့ အဲလိုအပြန်အလှန် ပြောနေကြရင်း ငြင်းခုန်ကြရင်းနဲ့ ရန်တွေဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေ ကွဲသွားကြရတာ ဒုနဲ့ဒေးပါပဲ အဲဒီအထဲမှာ သူငယ်ချင်းတွေမပါဖို့ ကြိုးစားရမယ် အဲဒါကြောင့် နံပါတ် (၂)အချက်ကိုလဲ မှတ်သာထားလိုက်တော့ သုံးနံပါတ် ဥပဒေသကလဲ ဒီလိုပါ....
၃ ။ တကယ်လို့ သင်မှားနေရင်လဲ ထိုအမှားကို မြန်မြန်ဆန်ဆန် လေးလေးနက်နက် ၀န်ခံလိုက်ပါ တဲ့
မှတ်မိတယ်နော် သူငယ်ချင်းတို့ မှားနေရင် ငါမှားတယ်ကွာလို့ အမြန်ဝန်ခံနိုင်အောင်ကြိုးစားပါ တကယ်တော့ အဲသလို ၀န်ခံလိုက်တာဟာ ဆုံးရှုံးတာ မဟုတ်ပါဘူး အနိုင်ရတာပါပဲ ကိုယ့်အမှားကို ပေါ့ပေါ့ပါးပါးလေးနဲ့ ၀န်ခံလိုက်တော့ ကိုယ်လဲ ကြည်နူးရတယ် သူများပြင်ပေးစရာမလိုဘူးလေ ကိုယ်အမှားကိုယ့်ဟာကို ပြင်လိုက်တာပဲ ကိုယ်က ကိုယ့်သူငယ်ချင်းတွေမှာ အကြီးဖြစ်နေတော့ ၀န်ခံရ ခက်မနေပါနဲ့ ကြာနီကန် ဆရာတော်ပြောသလိုပေါ့ ဘာမှားရမှာလဲ ငါလူကြီး လို့တော့ မပြောလိုက်ပါနဲ့ လူကြီးလဲ ဟဲဟဲ မှားတတ်တာပဲလေ မမှားသောရှေ့နေ မသေသော ဆေးသမား တဲ့ဗျ တစ်နေရာရာမှာတော့ လွဲချော်တတ်ကြတာချည်းပါပဲ အဲဒီလွဲချော်မှု့တွေကို လွဲချော်နေတဲ့ အတိုင်းမထားဘဲနဲ့ ပျက်အစဉ် ပြင်မရ အဲ မှားလို့ ပျက်အစဉ် ပြင်ခဏ ဆိုတဲ့ ဆိုးရိုးစကားလေး သတိရပီး ငါမှားသွားတယ်ကွာ လို့ ၀န်ခံလိုက်စမ်းပါ မိတ်ဆွေမှာ သူငယ်ချင်းတွေ ဆထက်တစ်ပိုး များပြားလာမှာ ဧကန်မုချ ပါပဲ နောက်ထပ်လာမှာက နံပါတ် (၄) ပါ အဲဒါလေးကတော့
၎ ။ ချိုချိုသာသာနှင့်စပါ တဲ့
အင်း ဒါလေးကတော့ ရှင်းပါတယ်ဗျာနော် စကားပြောတဲ့အခါ စကားကို ချိုချိုသာသာနဲ့ပြောတတ်ရမယ်လို့ ဆိုလိုထားတယ်ဗျာ တကယ်လဲ မှန်ပါတယ်နော် တစ်ယောက်စကား ၊ တစ်ယောက်နားမှာ ၊မခါးရအောင် ၊ သတိဆောင်၍ ၊မောင်တို့ဆိုလေ ၊ပျားသကာသို့ ချိုလှစေ လို့ ငယ်ငယ်လေးကတည်းကလဲ အလွတ်ရပီးသားတွေပါ မေ့နေမှာစိုးလို့ ကျွန်တော်က ထပ်ရွတ်ပြတာပါ ဘာပဲပြောပြော ချိုချိုလေး ပြောတတ်ပါစေဗျာ စကားဆို ချိုမှတဲ့ဗျ တရားဆို တိုမှ မယားဆို ပျိုမှ အဲလေ ယောင်လို့ ဘယ်တောင် ရောက်ကုန်ပါလိမ့် ဟီး အဲလိုပဲဗျ ကဲဗျာ နံပါတ်လေးကတော့ စကားကို ချိုချိုသာသာနဲ့ စပြောတတ်ပါစေနော် ဒါလေးလဲ မှတ်ခဲ့ဦးဗျ တစ်ဖက်သားကို ကိုယ့်ဘက်ပါအောင် စည်းရုံးတဲ့နေရာမှာ နည်းလမ်းက (၁၂) ချက်တောင် ရှိတာဆိုတော့ မှတ်ခဲ့ဗျာ နောက်တစ်ခု ဆက်ကြစို့...နံပါတ် (၅) ပါ
၅ ။ တစ်ဖက်သားကို အလျှင် အမြန် အင်း လိုက်အောင် ကြိုးစားပါတဲ့ ဗျာ
ဒါကလဲ စကားပြောနည်း တစ်နည်းပါပဲ သူများတစ်ဖက်သားကို ကိုယ်ပြောသမျှ အင်းဟုတ်ကဲ့ အစရှိသဖြင့် နောက်က ပုတ်သင်ညိုလို (အရောင်ပြောင်းတာကို မဆိုလိုပါ) ခေါင်းငြိမ့်နေအောင် ပြောတတ်ရမယ် လို့ဆိုလိုတာပါ အဲဒါကတော့ သူငယ်ချင်းတို့ ကိုယ်တိုင် ကိုယ်ပိုင်အရည်အသွေးနဲ့ ဆိုင်သွားပီနော် လူတစ်ဖက်သားကို အင်း လိုက်လာအောင် ကြိုးစားပြောပါ နောက်တစ်ခုက
၆ ။ တစ်ဖက်သားကို သူပြောချင်တာ ၀ အောင်ပြောပါစေ တဲ့
သူပြောနေတုန်း လုပြီးဘယ်တော့မှ ၀င်မပြောပါနဲ့ သူပြောချင်တာကို ကုန်အောင်ပြောပါစေ သူပြောပြီးတဲ့အချိန်ထိ ထိုင်စောင့်ပေါ့ဗျာ ဟုတ်ဘူးလား ဒါမှ သူ့ ကို အလေးထားတယ်ဆိုတာ မြင်လာမှာပေါ့ ဒါမှမဟုတ်ရင်တော့ သွားပြီ မရှိတော့ဘူး...ဆိုတဲ့ သီချင်းလိုပေါ့ အကုန်ခွါပြဲကုန်လိမ့်မယ်ဗျ ငြိမ်ပြီး နားထောင်ဗျာ တရားတတ်လျှင် စောင့်ဟော ၊ စကားတတ်လျှင် စောင့်ပြောတဲ့ဗျ
အတင်းဝင် လုမပြောရဘူး တစ်ဖတ်သားကို First ပေးလိုက်ပေါ့ဗျာ သူပြောချင်တာ ၀အောင် ပြောပါစေဗျာနော် ဒါမှလဲ မိတ်ဆွေသူငယ်ချင်းတွေ ပေါသထက်ပေါမယ် ထောသထက်ထောမယ်ဗျာ နော်....နောက်ဗျူဟာတစ်ခု ဆက်မယ်ဗျာ
နောက်ဥပဒေသဗျူဟာနံပါတ်ကတော့ (၇) ပါဗျာ
၇ ။ တဖက်သားအား ကိုယ်ကပေးလိုက်တဲ့အကြံဟာ သူရဲ့ အကြံသာဖြစ်တယ် လို့အထင်ရောက်နေပါစေ ဗျာ
ဒါလေးကိုလဲကြည့်ဦး ကိုယ်ကိုပေးတဲ့အကြံဟာ သူရဲ့အကြံပဲဖြစ်တယ်လို့ သူထင်သွားရင် သူအတွက် သူ့ကိုယ်သူ ဂုဏ်ယူစ၇ာဖြစ်သွားတတာပေါ့ ကိုယ်က အကြံပေးလို့ သူရလိုက်တယ်လို့ ထင်သွားရင် သူနဲနဲတော့ အောက်တော့ပေါ့ဗျာ ဟုတ်ဘူးလား
ကိုယ့်သူငယ်ချင်းကို ဂုဏ်တင်ပေးရမှာပေါ့ဗျာ ကိုယ်ပေးတဲ့အကြံဟာ သူဟာသူရသွားတဲ့အကြံလို့ ထင်သွားပါစေပေါ့ဗျာနော်
နောက်ဆက်ကြဦးဆို့.........
ဒီဗျူဟာကတော့
၈ ။ တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနဲ့ ကြိုးစားပါတဲ့
ဒါလဲလုပ်ရမယ်ဗျ လုပ်ကိုလုပ်ရမဲ့ ဗျူဟာပါပဲ သူ့အတွက် ကိုယ်က စိတ်စေတနာအပြည့်နဲ့ ကူညီစောင့်ရှောက်ရမှာပဲလေ ဒါမှလဲ မိတ်ဆွေစစ်ဖြစ်တော့မပေါ့ သူ့ကျေးဇူးကို လိုလားမှပဲ စစ်မှန်တဲ့ သူငယ်ချင်းတွေဖြစ်မယ်လေ ဟုတ်ဘူးလားဗျာ ဟီး ခု ဒီပို့စ်တင်နေတုန်းမှာတောင် သူငယ်ချင်းက သူလိုနေတဲ့ website links လေးတွေလှမ်းတောင်းနေလို့ ပေးလိုက်ရသေးတယ် အာရုံနောက်တာတော့အမှန်ပဲဗျာ တစ်ခုတော့ရှိတာပေါ့ဗျာ သူ့အတွက်ကိုယ်က စေတနာကောင်းကောင်းနဲ့ ကြိုးစားပေးတာလေ တန်ပါတယ်ဗျာ ဟဲဟဲ နောက်တစ်ခု ဆက်မယ်ဗျာ
ဗျူဟာနံပါတ် (၉)ပါ
၉ ။ တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့နှင့် စပ်လျှဉ်း၍ ကိုယ်ချင်းစာတတ်ပါစေ တဲ့
ဒါလေးလဲ မှတ်ဗျာ ဟီး မှတ်စရာတွေချည်းပဲဗျာ နော် ဗျူဟာကိုဗျ တတ်ချင်ရင်တော့ မှတ်ရမှာပေါ့ ဒါမှလဲ မိတ်ပေါမယ်ဗျာနော်(အဖုအပိန့်တွေ မဆိုလိုပါ ၊ မိတ်ဆွေသင်္ဂဟကို ဆိုလိုပါသည် --ဟဲဟဲ ) သူ့နဲ့ စပ်ဆက်ပြီးတော့ နားလည်မှု့တွေ ကိုယ်ချင်းစာမှု့တွေ ပေးရမှာပေါ့ဗျ ဟုတ်ဘူးလား လူဆိုတာက အသိုင်းအ၀ိုင်းနဲ့နေတာလေ လူမှု့ရေးအသိုင်းအ၀ိုင်းဗျ ဆိုလိုတာကဗျာ "သူ့ ကျောကို ကျွန်တော်က ကုတ်ပေးရင် ၊ သူ့ က ကျွန်တော့် ကျောကိုပြန်ကုတ်ပေးမှာ" ကျိန်းသေဘဲဗျ ကျွန်တော်က ဆီပေးရင် ၊ သူက ကျွန်တော့်ကို ဆန်ပေးမှာ ပဲဗျ နောက်တစ်ခုဗျာ ဆိုလိုတာက မေတ္တာပေးရင် မေတ္တာလာမှာ ပဲဗျ (မှတ်ချက်= လူရွှင်တော် ကိုမေတ္တာ မဟုတ်ပါ ) သူနဲ့ပတ်သတ်တာတွေနဲ့ စပ်လျှဉ်းပီး ကိုယ်ချင်းစာပေးရင် သူကလဲ ကိုယ့်ကိုယ်ပြန် ကိုယ်ချင်းစာပေးမှာပဲလေ ဟုတ်ဘူးလား ... ရင်းနှီးခင်မင်ဆို တာ အဓိပ္ပါယ်ရှိပါတယ် ရင်းထားမှ နှီးမယ် ၊ နီးထားမှ ခင်မယ် ခင်ထားမှ ကြင်မယ်ပေါ့ဗျာ (ကြင်နာတာကိုဆိုလိုပါသည်) မရင်းပဲ နီးချင်ရင် အချောင်သမားတဲ့ တနည်းပြောရရင် ကြာကူလီပေါ့ဗျာ ဟိဟိ... ဟုတ်ပီ ရင်းရမယ်ဆိုတာ ဘာတွေနဲ့ ရင်းရမှာတော့ ပိုက်ဆံတွေ ဒေါ်လာတွေ ယူရိုတွေ ဘတ်တွေ သန်းချီ ရင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး မေတ္တာစေတနာ နဲ့ ရင်းရမှာကို ဆိုလိုတာပါဗျာ ကိုယ်ချင်းစာတရားလက်ကိုင်ထား ရင်းနှီးပါ အဲဒါမှ နီးပါလိမ့်မယ်ဗျာ ဒါလောက်ဆို ပေါက်လောက်ပါပီ( သဘော)
နောက်တစ်ခု ဆက်မယ် နောက်ဗျူဟာလေးက
၁၀ ။ မြင့်မြတ်သော စိတ်ဓါတ်ကို ထိခိုက်အောင်လုပ်ပေးပါတဲ့ ...
ပေါက်မလားတော့မသိဘူး( သဘောပြောပါတယ်ဗျာ) လူတိုင်းလူတိုင်းမှာ ရှိနေတဲ့ အထက်ကျနေတဲ့ စိတ်ဓါတ်လေးကို ထိခိုက်အောင် လုပ်ပေးပါတဲ့ ဆော်ကားခိုင်းတာမဟုတ်ပါဘူးဗျာနော် တစ်မျိုးမပေါက်ပါနဲ့ ဒီစကားလေးကိုတော့ သက်သေတစ်ခုနဲ့ ရှင်းတမ်းထုတ်မှ ပိုပီးရှင်းလင်း နားလည်နိုင်မယ်ထင်တယ်ဗျာ ကဲ ကြည့် ဒီဖြစ်ရပ်တစ်ခုကို
တစ်ခါက ပင်ဆီဗေးနီးယား(pennsylvania)ပြည်နယ်တွင် ဂလင်းနိုးလ်ဒင်း(Glenolden) အရပ်တွင်ရှိသည့် ဖာရယ် မစ်ချယ် ကုမ္ပဏီရဲ့ မန်နေဂျာ ဖြစ်တဲ့ Hamilton J. Farrell (ဟယ်မိလ်တန် ဂျေဖာရယ် )ရဲ့ အိမ်တစ်အိမ်မှာ အိမ်ငှါးသူတစ်ဦးဟာ တော်တော်ကြေးထူပြီး ငှါးထားတဲ့နှစ်မပြည့်သေးပဲနဲ့ အိမ်ပြောင်းေ၇ွ့ မည်ဟု ကြိမ်းမောင်းနေလေသည် .။ နှစ်စေ့ဖို့လဲ လေးလပဲလိုတော့တော့လေ ဒီကြားထဲ သူတို့တွေ ပြောင်းသွားရင် လူအသစ်ငှါးဖို့လဲ မဖြစ်နိုင်တော့ သူ့အတွက် လေးလစာ ငွေက နှစ်နာတော့မယ်လေ ..အဲဒါနဲ အိမ်ရှင်ဟာ ပုံမှန်ဆိုရင် သူဟာ အိမ်ကို သွားပီးဒီလိုပြောပစ်လိုက်မှာ ခင်ဗျား ဒီလိုလုပ်တာ ဘာကောင်းသလဲ ၊ ကောင်းပြီး ခင်ဗျားဆင်းချင်ဆင်းသွား ကျန်တဲ့ လေးလစာပါ ရှင်းရမယ်ဟု ဒေါသနှင့်ပြောမည်ဖြစ်လေသည် သို့သော် သူဟာ အဲလိုမလုပ်ပဲ နည်းလမ်းတစ်ခု သုံးလိုက်ပါတယ် ...သူ့အိမ်ကို ကိုယ်တိုင်သွားပြ၊ီး ဒီစကားလေး ပြောလိုက်တယ်......
" မစ္စတာ ဒိုး ။ ခင်ဗျားပြောတာ ကြားပီးပေမဲ့ ခင်ဗျာ တကယ်ကို တခြားပြောင်းချင်တယ်ဆိုတာ မယုံသေးဘူးဗျာ ၊ အိမ်ငှါးစားလာတာကြာလို့ လူတွေရဲ့ စိတ်နေ စိတ်ထားတော့ ကျွန်တော်ကောင်းကောင်းသိနေတယ် ၊ ခင်ဗျားကို ကြည့်ရတာစကားတစ်ခွန်းကို တည်တဲ့လူတစ်ယောက်ပဲ ၊ အဟုတ်ပြောတာပါ ၊ ခင်ဗျားရဲ့ စိတ်ဓါတ်ကို ကောင်းကောင်းကြီး သိနေပြိးဖြစ်ုလို့ လောင်းချင်တယ်ဆိုရင် လောင်းလိုက်ဗျာ" တဲ့ နောက်ထပ်ထပ်ပြောသေးတယ်
အိမ်ပြောင်းမယ်ဆိုတဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကို ရေးပီး စားပွဲပေါ်တင်ထားပြီးတော့ အဒီ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစား၊ ကဲဗျာ ဟောဒီကနေ ဆုံးဖြတ်ချက်ချ လကုန်ပြီးလို့ ရှေ့ လဆန်းတစ်ရက်နေကျတော့ အဲဒီဆုံးဖြတ်ချက်အတိုင်းတည်မယ်ဆိုရင် လေးလအတွက် အိမ်လခ ဆုံးချင်ဆုံးပါစေဗျာ ။ ကျွန်တော် လူကဲခတ်မှားပီဆိုပီးကျေနပ်လိုက်မယ် ဒါပေမဲ့ ဘာပြောပြော ခင်ဗျားဟာ စကားတည်တဲ့ လူတစ်ယောက်ပဲ နှစ်စေ့အောင်နေမယ်ဆိုတာတော့ ကျွန်တော့ ခုထိ ယုံတယ်ဗျာ ၊ ဘာလဲဗျာ ကျွန်တော်တို့တွေဟာ လူတွေပဲ မျောက်တွေမှ မဟုတ်ဘဲ စသည်ဖြင့်ပြောလေသည်
နောက်လဆန်းသောအခါ ထိုလူဟာ အိမ်လခကို ကိုယ်တိုင်လာပေးပါတယ် နောက်ပီး လေးလအတွက် ငွေကိုတော့ သူ့မိန်းမနဲူတိုင်ပင်ပြီး စကားတစ်ခွန်း တည်အောင် နှစ်စေ့သည်အထိ ထိုအိမ်၌ နေရန် ဆုံးဖြတ်ပြီးပြီ လို့ လာပြောပါတယ်...
ဒီ သာဓကလေးကို ကြည့်ပြီး မြင့်မြတ်တဲ့ စိတ်ဓါတ်ကို ထိခိုက်အောင်လုပ်ပေးပါဆိုတာဟာ ဘာလဲ ဆိုတာ ပေါက်လောက်ပါပီနော်(မပေါက်ရင်လဲ လျှက်စားသာရပ်တော့ ဟီး) နောက်ဗျူဟာက
၁၁ ။ သင်ရဲ့ အကြံအစည်များဖြင့် တစ်ဖက်သားရဲ့ စိတ်အာ၇ုံကို ဆွဲနိုင်အောင်ပြုပြင်ပေးပါတဲ့ ကဲလုပ်ပီ အဲဒါကလဲ ကိုယ်ပိုင်ရှိရမဲ့အရည်အသွေးဗျနော် ကိုယ့်အကြံ့နဲ့ သူများစိတ်ဆွဲဆောင်နိုင်အောင် လုပ်ပေးရမယ်တဲ့ မှတ်ထားဦး
နောက်ဆုံးကျန်တဲ့ ဗျူဟာ နံပါတ် ၁၂ ကို လှမ်းကြဦးဆို့......
၁၂ ။ လူတို့ရဲ့ မခံချင်သော စိတ်ကိုဆွပေးပါ တဲ့ စိတ်တိုအောင်တော့မလုပ်နဲ့ပေါ့ ဟီး တော်ကြာ ထ ထိုးလို့ အားလူးသီးတွေ ရောင်းနေရဦးမယ် မခံချင်အောင် ဆွပေးပါဆိုတာ စခိုင်းတာမဟုတ်ဘူး ဒါလေးကိုလဲ သာဓကလေး ကြည့်ကြဦးဆို့...
အယ်ဆမစ် နယူးယောက်အုပ်ချုပ်စဉ်ကပေါ့ ဆင်းဆင်းထောင်ဆိုတာ ရှိတယ် အဲထောင်ဟာ တော်တော်ဆိုးသွမ်းတဲ့ထောင် တစ်ခုပါပဲ အဲဒီထောင်မှာ ထောင်မှုးနေရာ လစ်နေတယ် အယ်စမစ်က လူဝီ အီ လော့စ်ကို ခေါ်ပြီး ဘယ်နှယ်လဲ ဆင်းဆင်းထောင်သွားအုပ်ချုပ်မလား၊ အဲဒီထောင်မှာ အရည်အချင်းရှိတဲ့ လူတစ်ယောက်အုပ်ချုပ်ဖို့ လိုနေတယ် လို့ ပြုံးပြုံးကြည့်ပြီးမေးလိုက်တယ် ဒါပေမဲ့ လော့စ်ဟာ တန်းပြီး အဖြေမပေးနိုင်ပါဘူး ဘာလို့လဲဆိုတော့ ဆင်းဆင်းထောင်ဟာ အလွန်ကြောက်စရာကောင်းတဲ့ ထောင်ဖြစ်နေလို့ပါ.............အဲလို လောစ် ချိတုံချတုံဖြစ်နေတာကို အယ်ဆမစ်မြင်တဲ့အခါ သူ့ကိုစကားတစ်ခွန်းပြောလိုက်တယ် အေးလေ ။ မင်းသွားရမှာကြောက်နေတာကို ငါမကြီမ်းချင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့
ဒီထောင်က အရမ်းကြမ်းတဲ့ထောင်ကွ။ ဒီနေရာမှာ မြဲဖို့ဟာ လူစွမ်းကောင်းမှပဲ ဖြစ်မှာပါ လို့ သူရဲ့ စိတ်ကို ဆွပေးလိုက်တယ် လောစ့် ဟာ ထောင်မှုးရာထူးကို လက်ခံလိုက်ပါတယ် ..
အဲဒါကိုကြည့်ခြင်းအားဖြင့် လူတို့ရဲ့ မခံချင်တဲ့ စိတ်ကို ဆွပေးပါ ဆိုတာကို နားလည်လောက်ပါပီ နော် ကဲ သဘောလဲပေါက်လောက်ပြိဗျာ ဗျူဟာ ၁၂ နည်းလဲ စုံပြီ မိတ်ဆွေပေါများချင်တယ်ဆိုရင်တော့ ဒီ ဗျူဟာတွေသာ သုံးပါတော့ဗျာနော် မိတ်ဆွေဆိုတာ မရှိမဖြစ်လိုပါတယ် ဗျာ အဆွေခင်ပွန်း လို့ခေါ်တဲ့ မိတ်ဆွေ မရှိရင် ချမ်းသာသုခ ဆိုတာ လဲမရရှိနိုင်ပါဘူး လူဆိုတာက တစ်ဦးတစ်ယောက်ထဲမပြီးမပြည့်စုံနိုင်ပါ မိတ်ကောင်းဆွေကောင်းရှိဖို့ လိုအပ်ပါတယ် ကလျာဏမိတ္တ လို့ ခေါ်တဲ့ မိတ်ကောင်းရှိမှသာ ကြီးပွားတိုးတတ်မည်ဟု မှတ်ပါ မှတ်ပြီးတော့လဲ ဟော့ဒီ နည်းဗျူဟာတွေကို အမြဲ အသုံးချနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ .........
No comments:
Post a Comment